ဒီတစ်ခါမှာတော့ ဟောင်းပေမဲ့ကောင်းနေဆဲ ဇာတ်ကားတစ်ခု တင်ဆက်ပေးပါရစေဗျ။De Dana Dan ဆိုတဲ့ ၂၀၀၉ ခုနှစ်ထွက် အိန္ဒိယ-ဟင်ဒီစကားပြောဟာသအချစ်ဇာတ်ကားဟာ ဆုပေါင်း ၉ ခုတောင် လျာထားစာရင်းဝင်ခဲ့တဲ့အပြင်Box Office မှာလည်း အထူးအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အောင်မြင်တာလည်း မပြောနဲ့လေ။ ဆုပေါင်းမရေမတွက်နိုင်လောက်အောင်ရရှိထားတဲ့နာမည်ကျော်မင်းသားကြီး အရှေးကူးမားကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတာကိုးဗျ။ IMDb rating ကလည်း 5.9 ရရှိထားပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့နီတင်ဘန်ကာလို့ခေါ်တဲ့ ကောင်လေးဟာ လက်အောက်ငယ်သားများအပေါ်အင်မတန်နှမြောတွန့်တိုတတ်တဲ့သန်းကြွယ်သူဌေးမကြီးကူဂျိကာအတွက် ကားမောင်းပေးရတဲ့ မျက်နှာမွဲလူဆင်းရဲဒရိုင်ဘာလေးတစ်ယောက်ပေါ့ဗျာ။ဒါပေမဲ့ သူ့မှာ သူ့ကိုအင်မတန်ချစ်ပေးတဲ့ နီတင်ဆိုတဲ့ ချစ်သူလေးတစ်ယောက်ရှိသတဲ့။သူ့ချစ်သူလေးတို့မိသားစုဟာ အရင်က မိဘချင်းခင်မင်ရင်းနှီးကြပေမဲ့ထီဆုကြီးပေါက်သွားတဲ့နောက်မှာတော့ သူ့အဖေကြီးကဘဝမေ့ပြီး ဆင်းရဲသားနင်းပြားနီတင်နဲ့ သဘောမတူဘဲသူ့သမီးကိုချမ်းသာတဲ့သူနဲ့ပဲလက်ထပ်ပေးချင်နေပါတယ်။နီတင်ဘန်ကာရဲ့အချစ်ဆုံးသူငယ်ချင်း ရမ်မီရှာရာဆိုတဲ့ကောင်လေးဟာလည်းအကြွေးတွေနစ်နေပြီး အမေနဲ့ညီမအတွက်ဘဝကိုရုန်းကန်နေရတဲ့သူပဲဖြစ်ပါတယ်သူ့ရဲ့ချစ်သူလေးဟာလည်း စင်္ကာပူမှာအချမ်းသာဆုံးမိသားစုတွေကနေ ဆင်းသက်လာသူလေးပါ။သူ့ရဲ့ဇာတာခွင်က ထူးခြားတာကြောင့် သူနဲ့ဇာတာတူသူ အမျိုးသားကိုပဲ လက်ထပ်ခွင့်ရမယ့်သူဖြစ်ပါတယ်ဒီလိုနဲ့ နီတင်နဲ့သဘောမတူတဲ့ သူဌေးလက်သစ်ရယ် ချမ်းသာသလောက်ဇာတာခွင်ကိုယုံကြည်တဲ့စင်္ကာပူသူဌေးကြီးရယ်တို့ဟာသူတို့စိတ်ကြိုက်သတို့သားလောင်းတစ်ယောက်ကိုတွေ့ပြီးလက်ထပ်ပေးဖို့စီစဉ်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီသတို့သားက တစ်ဦးတည်းဖြစ်နေသလိုသူတို့ထင်သလို သူဌေးသားစင်းလုံးချောလေးဖြစ်မနေဘဲလူလိမ်လူညာမိသားစုသာ ဖြစ်နေတဲ့အခါမှာတော့…Nomination ၆ ခု စာရင်းဝင်ထားတဲ့ဇာတ်ကားဖြစ်တာကြောင့်မင်းသားကြီးအရှေးကူးမားရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်ချက်တွေနဲ့အတူသီချင်းသံတွေ အကအလှတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို မပျင်းရဘဲ ခံစားကြည့်ရှုနိုင်မှာပါဗျ။