Skiptrace HD

Skiptrace

Action Crime HD 2024-12-10 8.3 0 Min

ဒီတစ်ခါ CM ကနေခပ်မိုက်မိုက်အက်ရှင်ဇာတ်ကားလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးလိုက်ချင်ပါတယ်။နာ့ရှ်အုပ်စုရဲ့မင်းသမီးကို စေတန်အဖွဲ့ပြန်ပေးဆွဲထားတာကြောင့်စနိုက်ပါအဖွဲ့ဖြစ်တဲ့မြေခွေးအမဲလိုက်အဖွဲ့က မင်းသမီးကိုကယ်ထုတ်ဖို့ကြိုးစားပါတယ်။မြေခွေးအမဲလိုက်အဖွဲ့ဆိုတာကတော့ ကြေးစားသေနတ်သမားတွေဖြစ်ပေမဲ့ အားနွဲ့သူကိုကူပြီး မတရားအနိုင်ကျင့်တဲ့လူတွေကိုရှင်းပစ်တဲ့အဖွဲ့တစ်ဖွဲ့ပေါ့။တစ်နေ့မှာခေါင်းဆောင်ချာကျင့်နှုတ်ထွက်သွားတဲ့နောက်မှာတော့ အဖွဲ့လည်းပျက်သွားခဲ့တယ်။ဒီလိုနဲ့ ၃ နှစ်ကြာပြီးနောက် ချာကျင့်နဲ့သူ့ဇနီးလောင်းလေး စူးယာတို့ကအေးအေးချမ်းချမ်းနဲ့၂ ယောက်သားဘဝကိုကြည်ကြည်နူးနူး ဖြတ်သန်းနေချိန် တိုနီဆိုတဲ့ အရင်တုန်းကမြေခွေးအမဲလိုက်အဖွဲ့ဝင်ကချာကျင့်ကိုလာရှာခဲ့တယ်။ အကြောင်းရင်းကတော့ Bettre ပိုးတွေပြန့်နှံ့နေပြီးအဲ့ပိုးဟာတမင်စေတန်ကကြံစည်ထုတ်လွှတ်တာဖြစ်ပြီး အဲ့အတွက်ပိုးသတ်ဆေးကိုစျေးကွက်ထဲမှာအဆမတန်စျေးနဲ့ ရောင်းအမြတ်ထုတ်ဖို့ရည်ရွယ်နေတာကြောင့်အဲ့ပိုးဖြန့်ရာစက်ရုံကိုရှင်းဖို့ ချာကျင့်ဆီအကူအညီတောင်းခဲ့တယ်။ဒါပေမဲ့လည်းချာကျင့်က သူ့ဇနီးနဲ့ဘဝကိုအေးအေးချမ်းချမ်းကုန်ဆုံးခြင်းကြောင်းငြင်းဆန်လိုက်တာပေါ့။ဒီလိုနဲ့ ဒုတိယမြောက်နေ့မှာ စူးယာတစ်ယောက်ပြန်ပေးဆွဲခံလိုက်ရတာသိတော့ချာကျင့်တစ်ယောက်ဒေါတပုန်ထပြီး တိုနီကိုသွားရှာပြီး တိုနီနဲ့ပူးပေါင်းကာမိန်းမကိုကယ်ထုတ်ဖို့ ကြိုးစားပါတော့တယ်။မထင်ထားတဲ့လှည့်ကွက်တချို့နဲ့အမိုက်စားအက်ရှင်တွေနဲ့ဖြစ်တာကြောင့် အက်ရှင်ကားကြိုက်နှစ်သက်သူတွေအတွက်သဘောကျမဲ့ဇာတ်ကားလေးတကားပဲဖြစ်ပါတယ်