Mr. Brooks HD

Mr. Brooks

Crime Thriller HD 2007-06-01 6.936 120 Min

အခုတစ်ခါ တင်ဆက်ပေးမှာကတော့ 2007 ခုနှစ်က ထွက်ခဲ့တဲ့ Mr. Brooks ဆိုတဲ့ မှုခင်းဒရမ်မာ ဇာတ်ကားပါ…အားလ်ဘရွတ် အမည်ရတဲ့ လူတစ်ယောက်ဟာ လူတွေလေးစားခံရလောက်အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါ… ဒါပေမဲ့ သူ့မှာ ဘယ်သူမှ ထင်မထားတဲ့ စွဲလမ်းမှုတစ်ခုရှိနေခဲ့တယ်….အဲဒါကတော့ လူသတ်ရကို နှစ်ခြိုက်နေတာပါပဲ …သူ့ရဲ့ မကောင်းတဲ့စိတ်ကို ၂ နှစ်ကျော်အောင် ထိန်းချုပ်ခဲ့ပေမဲ့တစ်နေ့မှာတော့ ကချေသည်စုံတွဲ ကို စိတ်မထိန်းနိုင်ဘဲ ပြန်သတ်မိရာကနေဇာတ်လမ်းစလာပါတော့တယ်…သိပ်မကြာခင်မှာပဲ သူ့ဆီကို ဓာတ်ပုံတစ်ချို့ရောက်လာတယ်… ဒီဓာတ်ပုံတွေမြင်ပြီးတဲ့ သူသွေးပျက်သွားတယ်..တစ်ချိန်တည်းမှာပဲ ပြသနာတွေ တစ်ပွေ့တစ်ပိုက်နဲ့ကျောင်းတက်တက်နေတဲ့သမီးဟာ ပြန်ရောက်လာတယ်…ကိုင်း အားလ်ဘရွတ် တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ… ဓာတ်ပုံထဲမှာရော ဘာတွေများပါနေလို့လဲ…ဒီကားထဲက မင်းသားကြီး KevinCostner ကိုတော့ အတော်များများသိကြမယ်ထင်ပါတယ်…ကိုင်း plot twist လေးတွေနဲ့ စိတ်ဝင်စားစရာတွေ ရိုက်ပြထားတဲ့ မှုခင်းဇာတ်ကားတစ်ကားပါIMDb rating ကလည်း 7.3 ထိရထားလေတော့ခပ်ကြောင်ကြောင်ကားတွေ ကြိုက်တဲ့သူတွေအဖို့မိုက်ရူးဆန်စွာကြည့်သင့်ပါကြောင်း ညွှန်းဆိုပါရစေ….