12 to Midnight FHD

12 to Midnight

Action FHD 2024-08-16 4.1 95 Min

သမန်းဝံပုလွေလို့ခေါ်တဲ့ ဝံပုလွေတစ်ပိုင်း လူသားတစ်ပိုင်းတွေကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများသိပြီးကြပြီးသားဖြစ်မှာပါ။အခုတင်ဆက်ပေးမဲ့ 12 To Midnightဆိုတဲ့ဇာတ်ကားလေးကလည်း ဒီသမန်းဝံပုလွေအကြောင်းကိုပဲအဓိကထားရိုက်ကူးထားတာဖြစ်ပြီး Production ပိုင်းကတော့အရမ်းကြီးမကြမ်းပေမဲ့ အပျင်းပြေပေါ့ပေါ့ပါးပါးဇာတ်ကားလေးတွေကြည့်ရှုချင်သူတွေအတွက်တော့ အဆင်ပြေစေမှာပါဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့တော့ဒ်လို့ခေါ်တဲ့စုံထောက်ကြီးဖြစ်ပြီး သူကတော့ ရာဇဝတ်သားတွေကိုထောင်ထဲထိမခေါ်သွားပဲသေနတ်တစ်လက်နဲ့တရားစီရင်ပေးနေကျမလို့နာမည်ကြီးနေသူတစ်ယောက်ဖြစ်ပါတယ်။အထူးသဖြင့်တော့သူ့မိန်းမ ပုံပျက်ဆင်းပျက်ဖြစ်အောင် ရက်ရက်စက်စက်အသတ်ခံရပြီးနောက်ပိုင်းတာဝန်မကျေခဲ့တဲ့လူတစ်ယောက်လိုခံစားချက်တွေနဲ့ မူးရူးနေပြီး လက်လည်းပိုရဲနေခဲ့ပါတော့တယ်။ဒါပေမယ့်သိပ်မကြာခင်မှာပဲ သူ့မိန်းမအသတ်ခံထားရတဲ့ပုံစံနဲ့ဆင်တူတဲ့မိန်းကလေးတွေအသတ်ခံရတဲ့အမှုတွေတစ်ခုပြီးတစ်ခုများလာတဲ့အခါမှာတော့ အဲ့ဒီအမှုတွေလိုက်ဖို့သူ့ကိုတာဝန်ပေးခဲ့ပါတော့တယ်။ဒီအမှုတွေမှာထူးဆန်းနေတာက အသတ်ခံရတဲ့နေရာတိုင်းမှာဝံပုလွေလိုအမွှေးအမြင်တွေတွေ့နေရပြီး ဒဏ်ရာတွေကလည်း ဝံပုလွေလက်သည်းရာတွေလိုဖြစ်နေတာပါပဲ။ဒီတော့ စုံထောက်ကြီးတော့ဒ်တစ်ယောက် ဒီလိုကြမ်းကြုတ်တဲ့ရက်စက်မှုတွေကိုတားမြစ်ဖို့တရားခံကိုလိုက်ရှာရင်း သူ့မိန်းမအတွက်လက်စားချေပေးနိုင်ပါ့မလား တရားခံကရောဘယ်သူဖြစ်နေမလဲ ဘယ်လိုကောင်ဖြစ်နေမလဲဆိုတာတွေကိုရှုစားရမှာဖြစ်တဲ့အတွက်အပျင်းပြေကြည့်ရှုဖို့ညွှန်းပေးလိုက်ချင်ပါတယ်။