ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီးဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့်စိတ်နှလုံးကွဲကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ဇနီးမောင်နှံနှစ်ယောက် Zombie ဆန်ဆန် ရောဂါပိုးကူးစက်မှုကနေထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…Psychological Thrillerတစ်ကားဖြစ်တာနဲ့အညီအဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကိုအသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ်ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာထည့်သွင်းရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်ထွေးတဲ့ခံစားချက်တွေရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေအတွက်မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်…မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ်တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scareတွေမပါဘဲဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့်Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့်ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်…