သည်းထိတ်ရင်ဖို ဟာသ ဇာတ်လမ်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ဖာဟတ်နာဆာက service center တစ်ခုမှာအလုပ်လုပ်နေတာပါ။တစ်နေ့သူ့အထက်လူကြီးက ရုံးခန်းကိုခေါ်တွေ့ပါတယ်။ပြီးတော့သူ ဖုန်းလက်ခံဖြေဆိုတဲ့ အသံဖိုင်ကိုဖွင့်ပြတဲ့အခါအဲဒီအသံဖိုင်မှာ မိန်းကလေးတစ်ယောက်ကသူလိုင်းပြတ်နေလို့အကူအညီတောင်းထားတာပါ။သူကလိုအပ်တဲ့အချက်အလက်တွေတောင်းတော့ ကောင်မလေးကသူ့လိုင်းမဟုတ်ကြောင်း၊ သူ့အဖေလိုင်းဖြစ်ကြောင်း ပြောတော့ဖာဟတ်ကလည်း သူအကူအညီမပေးနိုင်ကြောင်းပြန်ပြောပါတယ်။ဒါကိုကောင်မလေးက မကျေမနပ်ဖြစ်ပြီးမန်နေဂျာကိုခေါ်ခိုင်းခဲ့တဲ့အသံဖိုင်ပါ။သူကခေါ်ပေးပါမယ်ပြောအပြီး ဖုန်းကကျသွားပါတယ်။အဲဒီအသံဖိုင်ကိုနားထောင်ပြီး သူ့အထက်လူကြီးကသူဟာဖုန်းစစချင်းမှာစက္ကန့်ပိုင်းလောက်တုန့်ဆိုင်းပြီးမှ ပြန်ဖြေကြောင်း စည်းကမ်းချိုးဖောက်ကြောင်းနဲ့ဖုန်းကိုချလိုက်ကြောင်း ပိုဆိုးတာက ဒါကဒုဥက္ကဌရဲ့သမီးဖြစ်နေတဲ့အပြင်သူဒီလိုစည်းကမ်းချိုးဖောက်တာ တစ်ခါနှစ်ခါမကတော့ကြောင်းပြောပါတော့တယ်။သူ့ကိုသက်ညှာပေးတဲ့အနေနဲ့ အလုပ်ထုတ်တာမဟုတ်ဘဲ နှုတ်ထွက်စာရေးခိုင်းခဲ့ပါတယ်။ဒါကိုသူကလည်း သူ့အမှားမဟုတ်တဲ့အကြောင်းပြောပြီး လက်မှတ်မထိုးဘဲ ရုံးခန်းကထွက်လာပါတယ်။အပြင်မှာတော့ လူတွေရဲ့ထုံးစံ သူ့ကိုတီးတိုး အတင်းပြောသံတွေနဲ့ ပြည့်နေတာပါ။ဖြစ်ချင်တော့သူ့အလုပ်ကအထက်လူကြီးဟာ သူ့သူငယ်ချင်းဖြစ်နေပါတယ်။သူဟာသူ့ဖခင်ကို ပြုစုလုပ်ကျွေးချင်လို့ အလုပ်ကိုလျှော့လုပ်ခဲ့ပြီးသူပေးခဲ့လို့ဒီနေရာရတယ်ဆိုတဲ့အတွေးနဲ့ မကျေမနပ် ပေါက်ကွဲပြီးသောင်းကြမ်းခဲ့ပါတော့တယ်။အဲဒီလိုနဲ့သူဟာအလုပ်ထွက်ရပြီး အလုပ်အသစ်မှာဘာအလုပ်လုပ်တွေလုပ်ရမလဲ ဘယ်လိုကိစ္စတွေကြုံတွေ့ဖြေရှင်းရမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။