Seeking a Friend for the End of the World HD

Seeking a Friend for the End of the World

Comedy Drama Adventure Romance HD 2012-06-22 6.6 101 Min

၃ပတ်အတွင်းမှာ ကမ္ဘာကြီးက ဂြိုလ်ဆိုင်တစ်ခုနဲ့တိုက်မိပြီး ကမ္ဘာပျက်တော့မယ်တဲ့နောက်ဆုံးအချိန်လိုဖြစ်နေတဲ့ (၃)ပတ်မှာ ခင်ဗျားဆိုရင်ရောဘာတွေဆက်လုပ်မိမှာပါလိမ့်….Dodgeဆိုတဲ့ အာမခံဝန်ထမ်းတစ်ယောက်ကတော့ အဲဒီသတင်းကိုကြားလိုက်ရပြီး ခဏတာ သွေးပျက်သွားခဲ့သလို တိုက်တိုက်ဆိုင်ဆိုင်အဲဒီအချိန်မှာသူ့မိန်းမကလည်းထားသွားခဲ့တယ်..ဒါပေမဲ့ သူ့ဘဝကို သူ ပုံမှန်ဆက်သွားဖို့ ကြိုးစားတယ် …Pennyဆိုတဲ့ ကောင်မလေး သူ့မိသားစုဆီသွားဖို့ နောက်ဆုံးလေယာဉ်ကို လွတ်သွားတယ်..ကမ္ဘာကြီးကလည်း(၃ပတ်အတွင်း ပျက်သုဥ်းသွားနိုင်သတဲ့…သူတို့၂ယောက်ကအိမ်နီးချင်းတွေ…(၃)ပတ်ဆိုသော ကာလလေးမှာ သူတို့(၂)ယောက်ဟာ ဘယ်လိုဖြတ်သန်းကြမလဲ…. …ဒီကားထဲကဟာသမင်းသားကြီး Steve Carell နဲ့ မင်းသမီးချော Keira Knightleyကိုတော့ထွေထွေထူးထူးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်…ဟာသဟန်တွေနဲ့ ဘဝနေနည်းတစ်ချို့ကို အချိန်ကိုက်ပြသွားတဲ့ကားလေးမို့ ကြည့်လိုက်ပါဦးလို့………