အသက် ၁၄ နှစ်အရွယ်မှာတည်းက စာပေလောကထဲကို စာရေးဆရာအနေနဲ့ရောက်လာခဲ့တဲ့ ကျန်းယွဲ့ရန်ရဲ့ (Da Qiao Xiao Qiao)တချောင်ရှောင်ချောင် (ခ)ချောင်ညီအစ်မဇာတ်လမ်းက အွန်လိုင်းဝတ္ထုတိုလေးဆိုပေမယ့်လည်း….အခု ကျောက်လိယင်းနဲ့ ရှင်းကျစ်လေ မင်းသမီးနှစ်လက်အသားပေးပြီးThe Unseen Sister (2024) ရုပ်ရှင်ကားအဖြစ်တစ်မျိုး၊တစ်ဖက်မှာလည်း Tencent က ကျောက်လုစီနဲ့ ချန်ဝေထင်တို့ကဇာတ်လိုက်သရုပ်ဆောင် ဖန်တီးထားတဲ့ Love’s Ambition ( 2025 မျှော်မှန်း)ဇာတ်လမ်းတွဲအဖြစ် တစ်ဖုံ စင်ပြိုင် အလုခံရတဲ့ ဝတ္ထုတိုလေးပါ…ဒီလိုစင်ပြိုင်လုခံရတဲ့ ဇာတ်ကားလေးက ဘယ်လို ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတယ်ဆိုတာကတော့ မူရင်းဝတ္ထုလေးဖတ်ဖူးသူတွေသိကြမှာပါ…ဒီနေ့မှာတော့ ယင်းပေါင်(ခ) ကျောက်လိယင်ရဲ့ ရုပ်ရှင်လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ရုပ်ရှင်ဗားရှင်းမှာတော့…နာမည်ကြီးသရုပ်ဆောင်မင်းသမီး ချောင်ယန် (ကျောက်လိယင်)ကအမည်မသိလူတစ်ယောက်ရဲ့ လျို့ဝှက်ခြိမ်းခြောက်မှုကို ခံနေရတာပေါ့…တစ်ဖက်မှာလည်း သူ့ကို ငွေရှာစက်လိုသဘောထား အသုံးချအသားယူဖို့ကြိုးစားနေတဲ့ ရှန်ဟောက်မင်ရဲ့စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဒဏ်ကိုလည်း ခံနေရပြန်တယ်…တစ်ဖက်မှာလည်း ချောင်ယန်ရဲ့ အောင်မြင်မှုကို တရုတ်နယ်စပ်မြန်မာနိုင်ငံကနေ ဗိုက်တစ်လုံးနဲ့ ကြည့်နေတဲ့သူကတော့ တချောင်( ရှင်းကျစ်လေ) ပါပဲ…တချောင်က တခြားသူမဟုတ်ပါဘူး…ချောင်ယန်နဲ့ ၁၇ နှစ်တာ ကွဲနေတဲ့ သူ့အစ်မအရင်းပါပဲ…သူ့မှာလည်း ဗိုက်တစ်လုံးနဲ့ ထားသွားတဲ့ ယောက်ျားကဒီတိုင်းမထားဘဲ အကြွေးရှင်တွေနဲ့ ထားသွားတော့…ကူသူကယ်သူမဲ့နေရာကနေ နောက်ဆုံးမှာတော့….ချောင်ယန်ရှိတဲ့ ပေကျင်းကို ထွက်လာဖို့ဖြစ်လာခဲ့တယ်…၁၇ နှစ်တာ ဝေးကွာနေတဲ့ ညီအစ်မတွေ ပြန်ဆုံချိန်မှာအမှတ်မထင် တချောင်ပြောတဲ့စကားက…“နင့်ဆီက ချောင်ယန်ဘဝကို ပြန်လိုချင်လို့”တဲ့…ဟုတ်ပါတယ်… ချောင်ယန်ဆိုတဲ့နာမည်နဲ့ဘဝကအခုမင်းသမီးချောင်ယန်ရဲ့ ဘဝမဟုတ်ဘဲ တချောင်ရဲ့ နာမည်ပါတဲ့…ဒါပေမယ့် ဘာလို့ ရှောင်ချောင်က တချောင်ရဲ့ နာမည်နဲ့ဘဝကိုရသွားတာလဲ…ချောင်ယန်ကို လျို့ဝှက်ခြိမ်းခြောက်နေတဲ့သူကရော ဘယ်သူလဲ…နောက်ပြီး ချောင်ယန်တစ်ယောက် သူ့ကို ငွေရှာစက်လိုသဘောထားတဲ့ ရှန်ဟောက်မင်လက်က ဘယ်လိုရုန်းထွက်နိုင်မှာလဲ…တချောင် ရှောင်ချောင် ညီအစ်မနှစ်ယောက်ဘဝက ဘယ်လိုပြောင်းလဲသွားမှာလဲ…ဘာသာပြန်ပေးထားတာမို့ ကြည့်ရှုအားပေးလိုက်ကြရအောင်