မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး။ကိစ္စတွေ ရှင်းပြီးပြီးချင်း တိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကို သူ စပြီး လက်ခံရရှိလာပါတော့တယ်။အဲ့ဒီအမျိုးသမီးဟာ ဘော်ဘီရှိလား ဘော်ဘီနဲ့စကားပြောချင်လို့” ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆိုတာကိုမသိသလိုဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြူတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့လိပ်စာ အခန်းအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာအသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေသွားခဲ့ဖူးတယ်ဆိုတာပါပဲ။သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့အဲ့ဒီအမျိုးသမီးရဲ့နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား?ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေလား?အစရှိတဲ့ပဟေဠိတွေနဲ့အတူ၊ အတိတ်ကာလမှာနေထိုင်ဆဲဖြစ်တဲ့ အမျိုးသမီးဟာသူနေတဲ့လက်ရှိမျက်မှောက်ခေတ်ကာလအထိအန္တရာယ်ပြုဖို့ကြိုးစားလာတာတွေကိုတစ်ကိုယ်တည်းရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။The Caller ဟာ ဗြိတိန်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပြီး Jump scareမပါသလောက်နဲ့ဇာတ်လမ်းဇာတ်အိမ်၊လှည့်ကွက်ကောင်းကောင်းကိုအဆုံးသတ်ထိ သည်းထိတ်ရင်ဖို့ကြည့်ရှုရမယ့် ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။