Roti Kapda Romance HD

Roti Kapda Romance

Comedy Drama Romance HD 2024-11-28 8.3 153 Min

ဟာရှာ,ဆူရ်ယာ, ဗစ်ကီနဲ့ ရာဟူးဆိုတဲ့ သူငယ်ချင်းလေးယောက်ရှိပါတယ်။သူတို့လေးယောက်လုံးဟာ ငယ်စဉ်အရွယ်တုန်းက မိဘတွေကမထိန်းနိုင်တော့ဘဲအဆောင်ပို့ရတဲ့အထိကို ဆိုးခဲ့ကြတဲ့ သူတို့လေးယောက်၊အဆောင်မှာ လေးယောက်သား ဆုံတွေ့ခဲ့ကြရင်းနဲ့အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်လို့လာခဲ့ပါတယ်။ငယ်ငယ်တုန်းကတော့ မခွဲအတူ အမြဲတမ်းနီးနီးကပ်ကပ်ရှိနေခဲ့ကြတဲ့အချိန်မှာပဲသူတို့ရဲ့ခင်မင်မှုတွေကြားမှာ မုန်တိုင်းထန်စေမယ့် ကောင်မလေးတွေသူတို့ဘဝထဲကို ရောက်ရှိလို့လာခဲ့ပါတယ်။ဒီလိုနဲ့ သူတို့သူငယ်ချင်းလေးယောက် ခင်မင်မှုတွေပျက်ကုန်ပြီး အကုန် ကွဲကုန်ကြပါတော့တယ်။ဒါပေမဲ့လည်း သူငယ်ချင်းသံယောဇဉ်ကလွယ်လွယ်နဲ့ မဖြတ်တောက်နိုင်တော့အချိန်ကြာလာတာနဲ့ သူတို့ ပြန်လည်သင့်မြတ်သွားကြပါတော့တယ်။ဒါပေမဲ့လည်း အကုန်လုံးနေရာတွေ မတူညီတော့ပဲ ဝေးကွာနေကြတာပေါ့ ။ဒီအချိန်မှာ ဆူရ်ယာဟာ အိမ်ခြံမြေလုပ်ငန်းနဲ့ တော်တော်လေးအလုပ်ဖြစ်နေပြီးတော့သူငယ်ချင်းတွေနဲ့ပြန်ဆုံတွေနိုင်ဖို့ အကုန်လုံးကို သူရှိတဲ့ဂိုအာကိုလာဖို့အတွက်လက်မှတ်ဝယ်ပို့လိုက်ရင်း သူငယ်ချင်း၄ယောက် ပြန်လည်ဆုံတွေ့ဖို့ ဖြစ်လာခဲ့ပါတယ်။၄ယောက်သား ပြန်ဆုံတွေ့လာတဲ့နောက်မှာ သူတို့ရဲ့ခင်မင်မှုတွေကို ဖျက်ဆီးခဲ့တဲ့တစ်ချိန်တုန်းက ကောင်မလေးတွေကို မကျေမနပ်ဖြစ်နေသေးတဲ့ ဆူရ်ယာတစ်ယောက်သူ့အနေအထားကို ပြပြီးတော့ ပြန်ချေချင်နေပါတော့တယ်။ဒီလိုနဲ့ သူတို့ရဲ့တည်ငြိမ်နေတဲ့ဘဝကို ဖျက်ဆီးသွားခဲ့တဲ့ ကောင်မလေးတွေရဲ့ ဘဝကို၄ယောက်ပေါင်းပြီး ဘယ်လိုတွေ ပြန်လည်နှောင့်ယှက်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ်။