ငွေကြေးဆင်းရဲလို ခရစ္စမတ်ကိုမုန်းတီးနေတဲ့ Mikey Collins ဆိုတဲ့ 12 နှစ်အရွယ်ကောင်လေးက သူ့အမေနဲ့ရန်ခဏခဏဖြစ်တဲ့ ခပ်ဆိုးဆိုးကလေးလေးတစ်ယောက်ပါ။သူက ခရစ္စမတ်မတိုင်ခင်မှာဆန်တာဝတ်စုံနဲ့ ဘဏ်ကိုဓားပြတိုက်သွားတဲ့ လူကြီးတစ်ယောက်ကိုလမ်းပြပြီး ခိုးသွားတဲ့ပိုက်ဆံဝေစုကို ယူဖိုကြံစည်ခဲ့တယ်။ဒါပေမဲ့ ဘဏ်ဓားပြဆန်တာကို တောထဲမှာသွားရှာရင်း သူ့ကိုယ်သူဆန်တာပါလိုပြောတဲ့ ဆန်တာဝတ်စုံနဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်။Mikey ကတော့ အဲဒီဆန်တာဖိုးဖိုးကို အတိတ်မေ့သွားတဲ့ ဘဏ်ဓားပြလိုထင်ခဲ့ပေမဲ့ သူ့ညီလေးကတော့တကယ့်ဆန်တာအစစ်ဆိုပြီးယုံနေလေရဲ့။Mikey ဘဏ်ဓားပြရဲ့ ခိုးထားတဲ့ငွေကိုရအောင် စွန့်စားရင်း ခရစ္စမတ်ရဲ့အဓိပ္ပါယ်၊ မျှော်လင့်ချက်နဲ့ မိသားစုချစ်ခြင်းတွေကိုနားလည်သဘောပေါက်လာမဲ့အကြောင်းသရုပ်ဖော်ထားတဲ့ ခရစ္စမတ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။