ဒီဇင်ဘာလကို ရောက်ရှိလာပြီဆိုတော့ CM ကနေခရစ္စမတ်ကားလေးတွေ ဘာသာပြန်တင်ဆက်ပေးဖို့အချိန်ကို ရောက်လာပါပြီ ။ ဒီတစ်ခါ တင်ဆက်ပေးလိုက်တဲ့ကားလေးကတော့ IMDb 7.1 ရရှိထားတဲ့ ခရစ္စမတ်ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ခရစ္စမတ်မှာ မပျော်တဲ့သူဆိုတာ မရှိဘူးလို့ လူတိုင်းကထင်ချင်ထင်ကြပါလိမ့်မယ် ။ ဒါပေမဲ့ ယူလီယန်ဆိုတဲ့ကောင်လေးကတော့ခရစ္စမတ်ရောက်မှာကိုတောင်စိုးရိမ်မိပါသတဲ့ ။ ဒီလိုနဲ့ သူ တစ်သက်လုံး မပျော်ရွှင်ရလောက်တော့ဘူးလို့ ထင်ခဲ့တဲ့ ခရစ္စမတ်ကာလမှာယူလီယန်ဟာ ဟက်ဗစ်လို့ ခေါ်တဲ့ထူးထူးဆန်းဆန်းသူငယ်ချင်းမလေးတစ်ယောက် ရခဲ့ပါတယ် ။ယူလီယန် ရေကူးတော်တာကို အရမ်းအားကျတဲ့သူငယ်ချင်းမလေး ဟက်ဗစ်က သူကိုယ်တိုင်တော့ရေကူးရမှာကြောက်ပါတယ်တဲ့။မိသားစုဝင်လည်း တစ်ယောက်မှမတွေ့ရဘဲ အိမ်မှာအမြဲတစ်ယောက်တည်းလိုလိုတွေ့ရတတ်တဲ့ ဟက်ဗစ်မှာဘာလျှို့ဝှက်ချက်တွေရှိနေမှာလဲ ။အဲဒီလျှို့ဝှက်ချက်တွေက သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကိုပြောင်းလဲစေမှာလား ။ ယူလီယန်ရဲ့ခရစ္စမတ်ကရော ပြန်လည်အသက်ဝင်လာနိုင်မှာလားဆိုတာကိုတော့ အားလုံးပဲ အတူတူ ကြည့်ရှုလိုက်ရအောင်ပါနော် ။