The Price of Money: A Largo Winch Adventure FHD

The Price of Money: A Largo Winch Adventure

Action Thriller Adventure FHD 2024-07-31 5.6 100 Min

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winchရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/Actionကားလေးပဲဖြစ်ပါတယ်…Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေးကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက်ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယားFight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်…Dramaဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေနှစ်သက်ကြမှာ အမှန်ပါပဲ…ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့နောက်ကွယ်ကအကြောင်းအရင်းကိုကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေးလုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခုLargo Winch အကြောင်းရုပ်ရှင်မှာကျယ်ပြန့်တဲ့နောက်ခံရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်…Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသားTomer Sisley အပြင်ယခုတတိယကားလေးမှာတော့ နာမည်ကျော်မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ James Francoပရိသတ်များအနေနဲ့လည်းအချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ…Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲJames Franco သရုပ်ဆောင်ထားတဲ့ EzioBurntwoodဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ်သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ညွှန်းဆိုပေးလိုက်ပါတယ်နော်…