Devils Stay HD

Devils Stay

Horror Mystery HD 2024-11-14 6 95 Min

သဘာဝလွန် ဇာတ်ကားအမျိုးအစားကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေဦးမဲ့အမိုက်စား ဇာတ်ကားသစ် တစ်ကားနဲ့ မိတ်ဆက်ပေးပါဦးမယ်။လောလောလတ်လတ် ထွက်ရှိထားတဲ့ Face Meဇာတ်လမ်းတွဲထဲက ချာဂျောင်ဝူး (Lee Min Ki)ဖာသာ အနေနဲ့ ပါဝင်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ချာဆိုမီ (Lee Re) ဆိုတဲ့ ခပ်ငယ်ငယ် ကောင်မလေးဟာ နှလုံးခွဲစိတ် ကုသမှု ခံယူပြီးတဲ့ နောက်မှာပုံမှန်နဲ့ မတူဘဲ ထူးဆန်းလာခဲ့ပြီး တစ်နေ့မှာတော့သဘာဝလွန် အဖြစ်အပျက် တစ်ခုကြောင့်ပဲသေဆုံးသွားခဲ့ပါတယ်။ခွဲစိတ်မှု အောင်မြင်ခဲ့ပေမဲ့ ဒီလို အဖြစ်အပျက်တွေကြောင့် သမီးဖြစ်သူကို လက်လွှတ်လိုက်ရတဲ့အတွက်အဖေဖြစ်သူ ချာဆွန်းဒို (Park ShinYang) ဟာလည်း ယူကျုံးမရ အပြည့်နဲ့ပေါ့။ကိုရီးယားနိုင်ငံရဲ့ ဈာပန လုပ်ထုံးအရ သေဆုံးသူကို ၃ရက်ထားထားရစဥ်မှာပဲဆိုမီရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ နှလုံးကနေ နတ်ဆိုးဟာ နိုးထလာခဲ့ပါတော့တယ်ဖာသာ ဘန်ဟယ်ရှင်း (Lee Min Ki) ဦးဆောင်ပြီး ဒီနတ်ဆိုးကို ဘယ်လို တိုက်ထုတ်သွားမလဲ ဆိုတာကိုရင်တထိတ်ထိတ်နဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ ဇာတ်ကားထဲမှာဆက်လက်ရှုစားဖို့ညွှန်းဆိုလိုက်ပါတယ်။