Jepper Creeper-2ဟာဆိုရင် 2003ခုနှစ်မှာထွက်ရှိခဲ့တဲ့ Horrorဇာတ်ကားမျိုးဖြစ်ပါတယ်2001မှာ Jeeper Creeper-1ထွက်ခဲ့တာအောင်မြင်ပြီးလူကြိုက်များခဲ့လို့ ၂ဖြစ်တဲ့ဒီကားကိုဆက်လက်ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းလေးကတော့ ပထမပိုင်းကအဆက်လိုပဲ23ကြိမ်မြောက်နွေဦးရာသီရောက်တိုင်းရောက်တိုင်း 23ရက်ကြာအောင် လူသားတွေကိုစားပစ်တဲ့ EastNineလမ်းမကြီးပေါ်က သေမင်းတမန်တော်တစ်ကောင်ရှိပါတယ်။အဲ့ဒီချိန်မှာပဲကျောင်းဘတ်စကတ်ဘောအသင်းတစ်ခုဟာ EastNineလမ်းမကြီးပေါ်ကနေဖြတ်လာတဲ့အခါမှာ အဲ့ဒီသေမင်းတမန်တော်နဲ့ တည့်တည့်တိုးပါတော့တယ်။သူကကျောင်းသားတွေထဲကအကြောက်တရားတွေထဲမှာအနံခံပြီးသူကြိုက်တဲ့လူကိုရွေးပြီးစားမလို့လုပ်ပါတယ်။အဲ့မှာတင်ပဲ ကျောင်းသားတွေဟာ သူ့ကိုရွေးသွားတယ်ငါ့ကိုမရွေးဘူး၊ ဘယ်သူ့ကြောင့်တော့ငါတို့အသေမခံနိုင်ဘူးစသဖြင့်အချင်းချင်းစိတ်ဝမ်းကွဲကုန်ကြပါတယ်၊…..အဲ့လိုအဖြစ်အပျက်လေးတွေနဲ့ ကျောင်းသားတွေအားလုံး သေမင်းတမန်တော်လက်ထဲအလွတ်ပြေးနိုင်ခဲ့ကြလား၊ဒါမှမဟုတ် သေမင်းတမန်တော်ကသူရွေးချယ်ထားတဲ့သူတွေကိုပဲအမိအရဖမ်းပြီး သတ်စားနိုင်ခဲ့လားဆိုတာတော့ဒီဇာတ်လမ်းလေးမှာစိတ်ဝင်စားဖွယ်ရာကြည့်ရှု့ရမှာပဲဖစ်ပါတယ်။Horrorကြိုက်တဲ့ ပရိတ်တွေအတွက်တော့လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းဖြစ်ပါတယ်။