18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ထူးဆန်းတဲ့ နယ်မြေလေးဆီက ဆယ်ကျော်သက်အရွယ်ကောင်မလေး အက်ဖ်တီးရီးယားဟာသူမရဲ့လျှို့ဝှက်ဆန်းကြယ်တဲ့ အိမ်နီးချင်းကောင်လေး အမ်ဂျယ်လို နဲ့တွေ့ပြီးတဲ့နောက်မှာတော့အရွယ်ရောက်ပြီးသားလူတွေရဲ့ကမ္ဘာဟာ ဘယ်လိုပုံစံမျိုးလဲဆိုတာ သိလာရပါတယ်။ပူလောင်လွန်းတဲ့မြို့ရဲ့လမ်းမတွေပေါ်မှာ အမ်ဂျယ်လို နဲ့အတူဆိုင်ကယ် တစ်စီးနဲ့ပတ်သွားရင်းရမ္မက်စိတ်တွေနိုးကြွလာတာကို ရှာဖွေတွေ့ရှိရပါတော့မယ်။၁၆နှစ်အရွယ် ကောင်မလေးတစ်ယောက် သူမရဲ့ပထမဆုံး အချစ်ကြောင့်ကိုယ့်ကိုယ်ကို ရှာတွေ့သွားပုံကိုမြင်ရမယ့် ဂရိ ဒရမ်မာ Coming of Age ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။