My Nanny Stole My Life FHD

My Nanny Stole My Life

Thriller TV Movie FHD 2024-05-16 6 87 Min

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစမိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီးသမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ်ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူနိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ဆရာဝန်ရဲ့အကြံပြုချက်နဲ့မေမေအသစ် ကလေးတွေရှိတဲ့အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်ကသူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယားနှစ်ယောက်လုံးသဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေကပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီးစိတ်ကယောင်ချောက်ချားတွေဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖိုကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီးကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့်သူ့ဘက်မှာဘယ်သူမှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကိုနားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ်လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ကလေးထိန်းရဲ့လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လိုကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံအစစ်ကကောဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။