Daddy Long Legs HD

Daddy Long Legs

Drama Romance HD 2005-01-13 6.4 99 Min

Cha Young Mi (Ha Ji-won) ဟာ မိဘနှစ်ပါးလုံးမရှိတော့ဘဲ တစ်ယောက်တည်းပင်ပန်းစွာ ရပ်တည်လာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမဟာ အမည်မသိသူစိမ်းတစ်ယောက်ဆီကနေ တက္ကသိုလ်ကျောင်းစရိတ်တွေ လက်ဆောင်တွေ စသဖြင့်လျှို့ဝှက်ဆန်းကြယ်စွာ အကူအညီပေးတာခံခဲ့ရပါတယ်။အဲဒီ အမည်မသိအကူညီတွေပေးနေခဲ့တဲ့ လူကို Cha Young Mi က နာမည်ပြောင်လေးပေးခဲ့မိတာပေါ့။Daddy Long Legs…အရပ်ရှည်တဲ့ဦးလေးကြီး ဆိုပြီးတော့…ဒီလိုမျိုး အရပ်ရှည်တဲ့ဦးလေးကြီးရဲ့ အကူအညီတွေကြောင့် နောက်ဆုံး ဘွဲ့ရပြီး သူမရဲ့ပန်းတိုင်ဖြစ်တဲ့အသံလွှင့်ဌာနမှာ အစီအစဉ်ရေးဆွဲတဲ့သူအဖြစ် အလုပ်ဝင်လုပ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲသူမရဲ့အလုပ်နဲ့ အိမ်နေရာအခက်အခဲကြောင့် အိမ်ငှားခပေးစရာမလိုတဲ့အိမ်တစ်အိမ်မှာပါ ဝင်နေလို့ရသွားပါတယ်။တစ်ရက်…သူမ နေထိုင်ရာအိမ်ဆီကို အရင်တစ်နှစ်ကနေ အချိန်ကိုက်ပြီး ပေးပို့ခဲ့တဲ့အိမ်ပိုင်ရှင်ရဲ့ အီးမေးလ်တစ်စောင်ရောက်လာပါတယ်။ စာထဲမှာ “သူမနဲ့ သူမရဲ့တစ်ဖက်သတ်ချစ်ရသူနဲ့ပက်သက်ပြီးတော့ ကြေကွဲဝမ်းနည်းဖွယ်ရာ အကြောင်းလေးတွေ”ကို ရေးထားတဲ့အခါ…Cha Young Mi ဟာ အဲဒီအီးမေးလ်ထဲက သူတို့ကို ရှာဖွေသွားနိုင်မလားတက္ကသိုလ်ကတည်းက အလုပ်ဝင်တဲ့အချိန်ထိ တိတ်တဆိတ် အကူအညီတွေ ပေးလာခဲ့တဲ့သူမရဲ့ အရပ်ရှည်တဲ့ဦးလေးကြီးနဲ့ရော တကယ်ပဲ တွေ့ဆုံသွားနိုင်မှာလား…ဆိုတာကိုရင်ခုန်ဖွယ် စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ကားလေးဖြစ်ပြီးတော့အဆုံးထိ ကြည့်ပြီးသွားတဲ့အခါမှာ ..ဒီကားလေးကို ဘာကြောင့် remake တွေ ပြန်ရိုက်လဲဘာလို့ နာမည်ကြီးတာလဲဆိုတာတွေ သဘောပေါက်သွားစေမဲ့ ကားလေးဖြစ်တာကြောင့်ကြည့်ရှုကြည့်ကြပါဦးနော်။