Hum Tumhare Hain Sanam HD

Hum Tumhare Hain Sanam

Comedy Drama Romance HD 2002-05-24 5.5 174 Min

ဒီတစ်ခါ CM Bollywood ပရိသတ်ကြီးကို Up to date ဇာတ်ကားတွေပဲကြည့်နေရမှာပျင်းနေမှာစိုးလို့ Old School ရွှေလိုရှားတဲ့ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်…ခုချိန်ထိနာမည်ကြီးနေဆဲဖြစ်တဲ့ ရှရွတ်ခန်းနဲ့ ဆလူးဘိုင်လို့ချစ်စနိုးခေါ်ရတဲ့ ဆယ်လ်မန်ခန်းတို့အပြိုင်ပါဝင်ထားတဲ့အပြင်အဲ့ခေတ်တုန်းက လှချက်ကကျက်သရေရှိလွန်း ငြိမ်းချမ်းလွန်းပါတယ်ဆိုတဲ့ မင်းသမီး မာဒူရီဒီဆစ်တို့နဲ့အတူဘောလီးဝုဒ်ရွှေခေတ်ဇာတ်ကားဆိုတာ ဒါမျိုးပါလားဆိုပြီး အဆိုအကမြိုင်မြိုင်နဲ့ငြိမ့်ငြိမ့်ညောင်းညောင်းခံစားရမယ့် အချစ်ဇာတ်ကားလေးပါပဲ ဇာတ်လမ်းလေးကတော့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေးပါ ရှရွတ်ခန်း(ဂိုပါ)နဲ့ မာဒူရီ(ရာဒါ) တို့ကငယ်သူငယ်ချင်းတွေဖြစ်ပြီး ကလေးဘဝမှာကွဲကွာသွားခဲ့တာပါ..ဆလူးဘိုင်(ဆူရာ့ဂ်ျ)ကတော့ ရာဒါရဲ့မိခင်ကမွေးစားထားတာဖြစ်ပြီး ရာဒါနဲ့အတူကြီးပြင်းလာခဲ့တာပါ…အရွယ်ရောက်လာတဲ့အခါမှာ ဂိုပါနဲ့ရာဒါတို့ ပြန်ဆုံစည်းကြပြီး လက်ထပ်လိုက်ကြသလိုဆူရာ့ဂ်ျကလည်း အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ ငယ်သူငယ်ချင်းဆူရာ့ဂ်ျကို သံယောဇဉ်မပြတ်တဲ့ ရာဒါကြောင့် အချစ်ကြီးတဲ့ဂိုပါဟာသံသယတွေဝင်ပြီး ရာဒါနဲ့ပြသနာတက်ပါတော့တယ်…တွေ့ဖူးနေကျ သုံးပွင့်ဆိုင်ဇာတ်လမ်းမျိုးပဲဆိုပေမယ့် အဲ့‌ခေတ်အခါမှာတော့ကြည့်သူတိုင်းမျက်ရည်လေးတစ်စမ်းစမ်းနဲ့ အားလုံးကိုထိုင်သနားရမှာပါပဲဒီကားထဲပါတဲ့သီချင်းတိုင်းက နားထောင်လို့ကောင်းသလို ပေါက်လဲပေါက်ခဲ့တဲ့သီချင်းတွေဖြစ်ပါတယ်အဲ့တော့ အဆိုအကအစုံနဲ့ အချစ်ဒရာမာကားကောင်းလေးကိုဘောလီးဝုဒ်ပရိသတ်ကြီးလက်ဝယ်သို့ ‌အရောက်တင်ဆက်ပေးလိုက်ရပါတယ်။