Batman: The Dark Knight Returns, Part 1 HD

Batman: The Dark Knight Returns, Part 1

Frank Miller ရဲ့ အရမ်းDeep Dark ဖြစ်ပြီးအောင်မြင်ခဲ့တဲ့ The Dark Knight return Comic ကို Animation ပြန်ရိုက်ထားတဲ့ကားလေးပါ ။ဒီဇာတ်လမ်းကို DC ရဲ့ Snyder verses လုပ်ခဲ့တဲ့ Zack Snyderကိုယ်တိုင်က Batman Live action ရိုက်ရရင် ဒီဇာတ်လမ်းကို ရိုက်ချင်တယ် ပြောတဲ့အထိပါ။ဒီ animation က Part 1 နဲ့ Part 2 ဆိုပြီး နှစ်ပိုင်းထွက်ထားပါတယ် ။Part 1 ထဲမှာတော့ ဘရုစ်ဝိန်းဟာ Batman လုပ်တဲ့ဆီကနေ အနားယူထားတ ဆယ်စုနှစ်တစ်ခုကြာခဲ့ပါပြီ။ဂေါ်သမ်မြို့မှာလည်း Batmanမရှိတော့ ကြောင်မရှိကြွက်သောင်းကျန်း ဆိုသလို ဒုစရိုက်မှုတွေ ကများပြားနေပါတယ်။ရဲမင်းကြီးဂျိန်းဂေါ်ဒွန် ကလည်း အငြိမ်းစားယူဖို့ တစ်လ အလိုမှာပဲ Mutant လို့ခေါ်တဲ့ ဒုစရိုက်ဂိုဏ်းတစ်ခုကပေါ်လာပြီးဂေါ်သမ် မြို့မှာ သောင်းကျန်းပါတော့တယ် ။ဒီလိုနဲ့ပဲ Batmanပြန်ပေါ်လာဖို့အကြောင်းဖန်လာတဲ့အခါ အသက်ကြီးပြီး ကာယပိုင်းမှာ အားနည်းနေပေမယ့် အရင်ကထက် ဉာဏပိုအားကောင်းလာပြီးဉာဏ်နီဉာဏ်နက်ပိုသုံးလာတဲ့ ဆရာဘတ်ကို မြင်ရမှာပါ။ငါမအိုသေးဆိုပြီးMutant ဂိုဏ်းကိုဘယ်လိုဆော်မလဲဆိုတာ ဒီ ဇာတ်လမ်းထဲမှာဆက်လက် ကြည့်ရှူလိုက်ပါ။