ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီးမင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီးတော့လက်ထပ်ဖို့အတွက်အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်းမယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ဒီလိုနဲ့လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာကနေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက်ဆုံးဖြတ်လိုက်တဲ့အခါနေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကိုဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက်နေသန့်ညီမအော်ဒရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ….တရားဥပဒေအရ လိုအပ်ချက်တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား…လူတွေရဲ့ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား…ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့နောင်တရခဲ့တဲ့ဂျမ်မာရဲ့လက်ထပ်ပွဲအတွက် စွန့်စားခန်းလေးကိုကြည့်ရှုရမှာဖြစ်ပါတယ်။