Don't Let Him Find You FHD

Don't Let Him Find You

Thriller Mystery FHD 2024-11-29 8.3 90 Min

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Christine Conradt ရိုက်ကူးထားပြီးမင်းသမီး Ren Harlow နဲ့ မင်းသား Philip Boyd တို့ကပါဝင်သရုပ်ဆောင်ထားတဲ့ ပြစ်မှုစုံထောက်ကားလေးပါ။အဲလက်စ်နဲရောဘတ်တို့က အရမ်းချစ်ကြတဲ့စုံတွဲဖြစ်ပြီး ချာလီဆိုတဲ့ချစ်စရာသမီးလေးနဲ့အတူ နေထိုင်ကြပါတယ်။အဲလက်စ်ရဲ့မွေးနေ့မှာ ပန်းခြံသွားရင်း နှလုံးဖောက်နေတဲ့အမျိုးသမီးတစ်ယောက်ကိုကယ်တင်လိုက်ရာက အင်တာနက်နဲ့သတင်းတွေမှာ နာမည်ကျော်သွားပါတယ်။ဒါပေမယ့် အဲလက်စ်မှာ ဖုန်းကွယ်ထားတဲ့ အတိတ်တွေရှိနေတဲ့အခါပြဿနာတွေ ဖြစ်လာပါတော့တယ်။ အဲလက်စ်ရဲ့အတိတ်နဲ့ချိန်းခြောက်နေတဲ့ သတင်းထောက်က‌ အသတ်ခံလိုက်ရတဲ့အခါဒီပြဿနာတွေထဲ ရဲတွေပါ ပါဝင်လာပြီး အဲလက်စ်ကလည်းသံသယရှိသူဖြစ်လာပါတယ်။အပြစ်ကင်းကြောင်း သက်သေပြဖို့လူသတ်သမားကို ရှာဖွေရမယ့်အခါ….အတိတ်က အကြောင်းအရာတွေက ပြန်ပေါ်လာမလား…လူသတ်သမားရဲ့ရန်ကနေ မိသားစုကို အဲလက်စ်ကာကွယ်သွားနိုင်မလား…တရားခံအစစ်က‌ရောဘယ်သူဖြစ်မလဲ…ဒါတွေကို ဒီမှုခင်းဇာတ်ကားကောင်းလေးထဲမှာ ကြည့်ရှုအဖြေရှာရမှာပါ။