Suspicion HD

Suspicion

Crime HD 2024-11-27 5.3 115 Min

အခုတစ်ခါမှာတော့ Suspicion ဆိုတဲ့ လျှို့ဝှက်သည်းဖိုကားလေးကို တင်ဆက်ပေးပါရစေ။အာဖရိကမှာက မှော်နက်ပညာတွေထွန်းကားတယ်ဆိုပြီးကျွန်တော်တို့တွေကြားဖူးကြတဲ့အတိုင်းပဲ ဒီဇာတ်ကားလေးမှာတော့အဲဒီလိုမျိုးမှော်နက်ပညာနဲ့ ပတ်သက်တဲ့အရာမျိုးတွေကြည့်ရမှာပါဗိုကီတို့မိသားစုဟာမွေးရာပါမှော်ပညာတွေပါလာကြတဲ့မိသားစုဖြစ်ကြပေမယ့် သူတို့အစွမ်းတွေကိုမလိုအပ်ဘဲမသုံးဘဲနဲ့နေကြတဲ့သူတွေပါတစ်နေ့မှာဗိုကီရဲ့မွေးစားသမီးဖြစ်သူ လိုလူလေး ပြန်ပေးဆွဲခံလိုက်ရတဲ့အပြင် လိုလူရဲ့ဖခင်အရင်းဖြစ်သူ ဗိုကီရဲ့အချစ်ဆုံးသူငယ်ချင်းရော့ဂ်ဘာကလည်းအသတ်ခံလိုက်ရပါတော့တယ်.ဒီလိုနဲ့ဘဝမှာအချစ်ရဆုံးသော လူတွေကို ဆက်တိုက်ဆုံးရှုံးပြီးတဲ့နောက်မှာတော့ ဗိုကီတစ်ယောက်အမှန်တရားကိုရှာဖွေဖို့အတွက်သူ့ရဲ့မှော်ပညာကိုအသုံးပြုဖို့ အကြောင်းဖန်လာပါတော့တယ်ဗိုကီတစ်ယောက်အမှန်တရားကိုရှာဖွေရင်းဘာတွေရလာပြီးဘာတွေထပ်ပြီးဆုံးရှုံးသွားရဦးမလဲဆိုတာကိုတော့ဆက်ပြီးကြည့်လိုက်ရအောင်ပါ….