Iron Monkey HD

Iron Monkey

Action Crime Drama HD 1993-09-03 7.4 90 Min

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ တရုတ်သိုင်းကားလေးပဲဖြစ်ပါတယ်။နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်တဲ့ Donnie Yan , Rongguang Yu, Jean Wangတို့ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDB rating 7.5 ရရှိထားပြီး ဆန်ခါတင်စားရင်နှစ်ခါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ရောဘင်ဟုဒ်လိုစတိုင်မျိုးပါ။ပြည်သူတွေသဘာဝဘေးအန္တရာယ်တွေရောဂါဆိုးတွေ ဆင်းရဲမွဲတေမှုတွေခံစားနေရပေမဲ့ အကျင့်ပျက်ခြစားတဲ့အရာရှိကဘာမှမလုပ်ပေးတဲ့အတွက်သိုင်းပညာလည်းတတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်သူဒေါက်တာယန်ဟာသံမဏိမျောက်ဆိုတဲ့နာမည်ကိုသုံးပြီးတော့ အကျင့်ပျက်အရာရှိတွေဆီကနေ ရွှေငွေရတနာတွေပြန်ခိုးပြီး ပြည်သူတွေကိုဝေပေးနေခဲ့ပါတယ်။အရာရှိကသံမဏိမျောက်ကိုဖမ်းမမိတဲ့အခါခရီးသွားရင်းရောက်လာတဲ့ ဝမ်ကျိယင်နဲ့ဝမ်ဖေးဟုန်တို့သားအဖကို သံမဏိမျောက်ကိုဖမ်းခိုင်းပါတော့တယ်။နဂိုအရာရှိကအသုံးမကျတဲ့အတွက် သူတို့မြို့ကို စစ်ဆေးရေးမှူးအနေနဲ့ရောက်ရှိလာတဲ့ဘုန်းကြီးဟင်ဟုန်ရောက်ရှိလာပါတယ်။ဘုန်းကြီးဟင်ဟုန်က ဝမ်ကျိယင်နဲ့ရှောင်လင်ကျောင်းတော်မှာအတူနေထိုင်ခဲ့သူဖြစ်ပြီး ရှောင်လင်ကျောင်းတော်ကိုသစ္စာဖောက်ပြီးမီးရှို့ခဲ့တဲ့သူပါထိုအခါဝမ်ကျိယင်နဲ့သံမဏိမျောက်ကပူးပေါင်းပြီး ဘုန်းကြီးဟင်ဟုန်နဲ့ရင်ဆိုင်တိုက်ခိုက်ကြပါတော့တယ်..