Ryan Gosling , Emma Stone တို့အပြင် ဂျာကြီး မိုက်ကယ်စကော့ Steve Carell , Julianne Moore , Aunt May ဖြစ်သူ Marisa Tomei , Lio Tipton , Kevin Bacon စတဲ့သရုပ်ဆောင်ပေါင်းများစွာနဲ့ဒီဇာတ်ကားက အချစ်ဟာသ ဒရမ်မာရုပ်ရှင်ကားကြီးပါ။ Rating ကောင်းသလို ရုံတင်ဝင်ငွေလဲကောင်းခဲ့ပါတယ်။ ဘတ်ဂျက် သန်း ၅၀ သာ ကုန်ကျခဲ့ပေမယ့် Box office မှာ ၁၄၅ သန်း ပြန်လည်ရရှိတဲ့ထိအောင်မြင်ခဲ့ပါတယ်။အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ်ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ…ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်..ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ်…အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်….အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ်ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ်နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဉ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်….ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်….ဒီကားလေးက ကလေး၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ…..ဂျာကြီးမိုက်ကယ်စကော့ဖြစ်တဲ့ Steve Carell ကြောင့် ရယ်နေရသလို Ryan Gosling , Emma Stone တို့ရဲ့ ရိုမန့်လေးနဲ့လဲ ချစ်ကြည်နူးစရာလေးတွေပါတာမလို့ ရသစုံလက်လွတ်မခံသင့်တဲ့ကားပါ။