Gone in Sixty Seconds HD

Gone in Sixty Seconds

Action Crime Thriller HD 2000-06-09 6.4 118 Min

ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့မမ်ဖစ်ရိန်းစ် တဖြစ်လဲနစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ညီဖြစ်သူ ကစ်ပ်က ကား‌မှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီးအောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။အဲဒီအတွက်ညီဖြစ်သူကိုကယ်တင်ဖို့အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက်ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက်ကြည့်နေတာမလို့ မမ်ဖစ်တစ်‌ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင်ကားအစီး၅၀ကိုဘယ်လိုမျိုး ခိုးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။