စစ္စတာ ဘန်းစ်နဲ့ စစ္စတာ ပက်စတန်ဟာ ဆယ်ကျော်သက်အရွယ် သီလရှင်နှစ်ယောက်ဖြစ်ပြီး သူတို့ဟာ ခရစ်ယာန်ဘုရားကျောင်းမှာပဲ မွေးပြီး အဲမှာပဲ ပြုစုပျိုးထောင်ခံရကာ ကြီးပြင်းလာခဲ့ကြတာပါသူတို့နှစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း စက်ဘီးကိုယ်စီနဲ့ မြို့ထဲပတ်သွားပြီး လူတွေကို သူတို့ရဲ့ မော်မွန်ဘာသာ (၁၈၃၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာသော ခရစ်ယာန်ဘာသာဂိုဏ်းခွဲ)ကိုဝင်ရောက်ကြဖို့တရားလိုက်ဟောရင်း သာသနာပြုကြပါတယ်။တစ်နေ့မှာတော့ သူတို့ဟာ မြို့စွန်မှာနေတဲ့ ဘာသာမျိုးစုံကို လေ့လာလိုက်စားပြီးတော့ မေးခွန်းထုတ်တတ်တဲ့ မစ္စတာရိဒ်ဆိုတဲ့ ဘာသာရေးပညာရှင်ရဲ့အိမ်ကိုသူတို့ရဲ့ ဘာသာက စစ်မှန်ကြောင်း သာသနာပြုရှင်းပြဖို့ သွားရောက်ခဲ့ပါတယ်။မစ္စတာရိဒ်က သူတို့နှစ်ယောက်ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ တစ်ခုရှိတာက သူ့ရဲ့ အိမ်နံရံ၊ မျက်နှာကြက်နှင့်ပြတင်းပေါက်တွေဟာ သံတိုင်တွေအပြည့်နဲ့ ထွက်ပေါက်မရှိပါဘူး။ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ မစ္စတာရိဒ်နဲ့ ဘာသာရေးအကြောင်းဆွေးနွေးရင်း သူတို့ရဲ့စကားဝိုင်းက ထူးဆန်းလာပြီး နေရခက်လာခဲ့ပါတယ်ဒီတော့ မစ္စတာရိဒ်မှာ ဘာအကြံရှိနေတာလဲ၊ သူတို့နှစ်ယောက်ကရော ဒီအိမ်ထဲက ဖြောင့်ဖြောင့်တန်းတန်း ထွက်လာနိုင်ပါ့မလားဆိုတဲ့အတွေးတွေနဲ့ဘာသာရေးဆွေးနွေးမှုကို ရင်ဖိုစိတ်လှုပ်ရှားစွာစိတ်တထင့်ထင့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။