A Whitewater Romance HD

A Whitewater Romance

Romance TV Movie HD 2024-05-11 6.8 84 Min

ဆွတ်ပျံ့ကြည်နူးဖွယ်ရာ အချစ်ဇာတ်လမ်းလေးတွေပဲ အရိုက်များကြတဲ့ Cindy Busbyနဲ့ Ben Hollingsworthတို့ရဲ့ ကနေဒါရိုမန့်စ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဗက်စတာဆိုတဲ့ဆိုရှယ်မီဒီယာအက်ပ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ မာယာ။ တစ်ရက် အလုပ်လုပ်နေတုန်း မမျှော်လင့်ပဲ ကုမ္ပဏီရဲ့ စီအီးအို အယ်လီဂရာ့ဆီက ဖုန်းဝင်လာခဲ့တယ်။ ရော့ကီးတောင်တန်းတွေဆီကိုပိတ်ရက်မှာ လာခဲ့ဖို့။ ဗက်စတာရုံးခွဲလေးခုရှိတာထဲကနေအရှေ့ပိုင်းရုံးရဲ့ ကိုယ်စားပြုဝန်ထမ်းအနေနဲ့ သွားရမှာပါ။ သူ့ရုံးက အထက်လူကြီးက စီအီးအိုခေါ်တဲ့ဆီကိုသွားပြီး သူတို့ကုမ္ပဏီရဲ့နောက်ထွက်မဲ့အက်ပ်မှာ သူတို့ရုံးအသာစီးရဖို့အရေး ဘယ်လိုနည်းနဲ့မဆိုကြိုးပမ်းဖို့ မှာလိုက်ပါတယ်။ ခေါ်ထားတဲ့နေရာကို ရောက်တဲ့အခါမှာတော့ ပြိုင်ဆိုင်လိုစိတ်ကြီးမားတဲ့ မာယာတစ်ယောက်သူနဲ့လုံး၀မလိုက်ဖက်တဲ့နေရာမှာ အလွဲလွဲအချော်ချော်တွေဖြစ်ရင်း ဘ၀ရဲ့အနှစ်သာရဆိုတာကို ခံစားလာမိတဲ့အချိန်မှာတော့…။