Curse of the Jurenei HD

Curse of the Jurenei

Horror Thriller Mystery HD 2023-07-27 5 105 Min

ဒီရုပ်ရှင်ကတော့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တော့မယ့် ရှေးဟောင်းယဇ်ပုလ္လင်တိုင်တွေကိုလေ့လာရေးလုပ်ဖို့ သွားရာကနေ လူတစ်စုပျောက်သွားရာကနေ စပါတယ်။တောကြီးမျက်မည်းထဲမှာသွားလေ့လာရတာဖြစ်ပြီး သွားတဲ့လူတွေအကုန် ပျောက်ချင်းမလှပျောက်သွားတဲ့နောက်ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ကလူတွေကိုရှာဖို့ ဘီးဆိုတဲ့တာဝန်ခံထားတဲ့ကောင်မလေးဟာအဖွဲ့အသစ်တစ်ဖွဲ့ဖွဲ့ပြီး ပျောက်သွားတဲ့အဖွဲ့ကို ရှာဖို့ ရောက်လာခဲ့တယ်။ဒီလိုပျောက်သွားတဲ့အဖွဲ့ကိုရှာရင်း ပထမအဖွဲ့ပျောက်သွားတဲ့တောကြီးထဲမှာ ယဇ်ပုလ္လင်တိုင်ရဲ့ကျိန်စာနဲ့ပတ်သက်တာတွေကို သိလိုက်ရပြီးပဟေဠိတစ်ခု တဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာတာကို မြင်ရမယ့်ရုပ်ရှင်ပါ။