B4 HD

B4

Thriller Science Fiction HD 2012-12-14 4 50 Min

၂၀၁၂ တုန်းကထွက်ရှိခဲ့တဲ့ Si-Fi Movie လေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းဇာတ်ကောင်တွေ ရှုပ်ရှုပ်ထွေးထွေးနဲ့ မျက်စိနောက်အောင် လျှောက်ထည့်ထားတဲ့ Si-fi Movie တွေထက်စာရင်ဆောင်းတွင်းမှာ စောင်လေးခြုံကွေးပြီး ကော်ဖီလေးတစ်ခွက်နဲ့ တစ်စိမ့်စိမ့်ကြည့်ရင်း တစ်စိမ့်စိမ့်တွေးကြည့်ရတဲ့ ဇာတ်ကားမျိုးဆိုတာ နောက်ပိုင်းမှာတော်တော်ရှားသွားပါပြီ။ထွက်သမျှဇာတ်ကားတွေက ဇာတ်လမ်းဇာတ်ကွက်သွက်သွက်နဲ့ Tempo တွေကိုအချိန်ပြည့်မြင့်ပြီး ဆွဲခေါ်သွားတဲ့ဇာတ်ကြောင်းတွေပဲ များလာတော့ဒီလိုကားလေးတွေက ၂၀၂၀ နောက်ပိုင်းကားတွေပဲ ရှာကြည့်နေရတာ။တစ်ခါတစ်လေကျတော့လဲ ဝိုင်းဒိုင်းကျဲ ဘာမှမတွေးပဲကြည့်ရတဲ့ဇာတ်ကားတွေများလာတော့ဒီလိုတွေးရင်းကြည့်ရတဲ့ ဇာတ်ကားလေးတွေက ပြန်ပြီးခံစားလိူ့ကောင်းလာတာပေါ့။အခုတင်ဆက်ပေးလိုက်တဲ့ဇာတ်ကားလေးကလဲစောင်လေးကိုဆွဲ ဆိုဖာလေးမှာ ငုတ်တုတ်လေးထိုင်ခြုံပြီးတော့ဘေးနားမှာကော်ဖီတစ်ခွက်နဲ့ ထိုင်ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ မီဂန်၊ အယ်ရွန် နဲ့ ဒေးဗစ်ဆိုတဲ့ သူငယ်ချင်းသုံးယောက်ကဒေးဗစ်ကြွားကြွားနေတဲ့ ကောင်မလေးကိုသွားပြီးကြည့်ကြမယ်ဆိုပြီး ကလပ်ကိုသွားကြည့်ကြပါတယ်။ဒါပေမဲ့ ထင်သလိုဖြစ်မလာပဲ သူငယ်ချင်းသုံးယောက် စိတ်ဓာတ်ကျကျနဲ့ ကလပ်ကပြန်ထွက်လာတဲ့အချိန်မှာတော့သူတို့ကားပါကင်ထိုးထားတဲ့ B4 ဆိုတဲ့အထပ်မှာ ထိုးခဲ့တဲ့ကားက ပျောက်ချင်းမလှပျောက်သွားရာကနေအကူညီခေါ်ဖို့ ဒေးဗစ်ကို အပေါ်ထပ်ပြန်လွှတ်လိုက်ရာ သူတို့မသိလိုက်ချိန်မှာပဲသူတို့က ဒီ B4 ဆိုတဲ့ကားပါကင်အထပ်ထဲမှာပဲ ပိတ်မိနေပါတော့တယ်။အဲ့အပြင် ဘယ်ကမှန်းမသိတဲ့ကောင်မလေးတစ်ယောက်နဲ့ ပေါလ်ဆိုတဲ့စိတ္တဇကောင်တစ်ယောက်ကို ဝင်တားရာကနေသူငယ်ချင်းသုံးယောက်ရယ် ကောင်မလေးတစ်ယောက်ရယ် ပေါလ်ဆိုတဲ့ သူတို့ကိုသတ်ချင်နေတဲ့ စိတ္တဇကောင်တစ်ယောက်ရယ်ဒီ B4 ဆိုတဲ့ကားပါကင်လေးမှာ ဘယ်လောက်ကြာအောင်ပိတ်မိနေကြမလဲ။သူတို့တွေဒီ B4 အထပ်ကနေလွတ်အောင် ဘယ်လိုရုန်းထွက်ကြမလဲဆိုတာ ကြည့်ရှုအားပေးကြပါဦး ….