Drama Special Season 15: To My Lonely Sister HD

Drama Special Season 15: To My Lonely Sister

Drama History HD 2024-11-05 8 60 Min

မိသားစုဝင်ထဲမှာ ကျန်းမာရေးချို့တဲ့တာဖြစ်ဖြစ် တစ်ခုခု abnormal ဖြစ်နေတဲ့ လူတစ်ယောက်လောက်ရှိနေရင်ကျန်တဲ့လူတွေပင်ပန်းရတာက ထုံးစံပါပဲ။ကိုယ်ချစ်ရတဲ့မိသားစုဝင်တစ်ယောက်ကသာမန်လူတွေနဲ့မတူဘဲ ချို့ယွင်းချက်ရှိနေတဲ့အခါ ပစ်မထားရက်ဘဲသူ့ကိုပဲ ပိုဂရုစိုက်ပေးရတာနဲ့တင် ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးသွားတဲ့အခိုက်အတန့်တွေလည်း ရှိစမြဲမဟုတ်လား။ဒီကားလေးမှာဆိုရင်လည်း လူကြောက်တတ်ပြီး စိတ်ဓာတ်ကျဝေဒနာကိုခံစားနေရတဲ့အစ်မဖြစ်သူ “နိုအူး” ကိုဂရုစိုက်ပေးနေရတာနဲ့တင် ကိုယ့်ရဲ့ငယ်ရွယ်မှုအချိန်တွေကို ပျောက်ဆုံးနေရတဲ့ ဆယ်ကျော်သက်အရွယ်ကျောင်းသူလေး “ဟာနူး” ကို မြင်တွေ့ရမှာဖြစ်ပြီး cast တွေအနေနဲ့ကလည်း OhYe Ju, Kim Kang Min,Park Ho San နဲ့ Yang Ui Jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါပဲဖြစ်ပါတယ်။အဖေဖြစ်သူက မိသားစုစားဝတ်နေရေးအတွက် အဝေးမှာအလုပ်ထွက်လုပ်နေရတာမလို့သားအဖ ၃ ယောက်တည်းရှိတဲ့မိသားစုလေးမှာ “ဟာနူး” ကပဲ ကျောင်းတစ်ဖက်နဲ့ အစ်မဖြစ်သူ “နိုအူး” ကို စောင့်ရှောက်နေရတာပါ။စိတ်ဓာတ်ကျဝေဒနာကြောင့် အခန်းထဲကအခန်းပြင်မထွက်ဘဲနေနေတဲ့အစ်မဖြစ်သူကြောင့် “ဟာနူး” ခမျာလည်း၃ နှစ်လုံးလုံး ကျောင်းနဲ့အိမ်ကလွဲ ဘယ်မှကို မသွားနိုင်ရှာပါဘူး။ဒီလိုနဲ့တစ်နေ့မှာ ဂျယ်ဂျူကျွန်းကို အလည်လာဖို့ခေါ်တဲ့သူငယ်ချင်းဆီကို သွားလည်ချင်လွန်းလှတဲ့“ဟာနူး” တစ်ယောက်အစ်မဖြစ်သူအတွက်ရော သူ့အတွက်ရော အဆင်ပြေမဲ့နည်းကိုရှာရာကနေ ၃ နှစ်တာလုံး အခန်းအောင်းနေခဲ့တဲ့အစ်မဖြစ်သူကိုအခန်းပြင်ထွက်လာအောင်လုပ်ဖို့ကြံပါတော့တယ်။ဒီလိုနဲ့နောက်ဆုံးမှာ ညီအစ်မနှစ်ယောက်လုံး ကိုယ်စီလွတ်လပ်မှုတွေ ရရှိသွားကြမလား…စိတ်ကလေးကြည်သာနေဖို့က လူတစ်ယောက်အတွက် ဘယ်လောက်တောင်အရေးကြီးလဲဆိုတာကို ရှုစားနိုင်မဲ့healingdrama ကောင်းလေး တစ်ကားမို့ တင်ဆက်ပေးလိုက်ပါတယ်။