ဂျပန်-ကိုရီးယားစပ်တစ်ယောက်ဖြစ်တဲ့ ဆုဂီဟာရာက မြောက်ကိုရီးယားကျောင်းမှာတက်နေရင်း ကျောင်းနဲ့ သူနဲ့မလိုက်ဖက်တာကို သိခဲ့ရပါတယ်၊အဲဒါကြောင့် ဂျပန်ကျောင်းကိုပြောင်းလိုက်ချိန်မှာလည်းထင်ထားသလိုမျိုး အဆင်မပြေလာပါဘူး။ဒီလိုမျိုး ကိုယ်နဲ့သင့်တော်မယ့် လိုက်ဖက်မယ့် သူ့ကို အရှိအတိုင်းလက်ခံမယ့်နေရာကို လိုက်ရှာနေခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာကူရာအီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်နဲ့တွေ့ပြီးချစ်မိသွားတဲ့နောက်မှာတော့ သူလည်း ပြောင်းလဲလာခဲ့ပါတယ်…ဆုဂီဟာရာတစ်ယောက် ဘယ်လိုမျိုးဘဝအခက်အခဲတွေ လူမျိုးရေးခွဲခြားမှုတွေနဲ့ ကြုံရပြီး နောက်ဆုံး ဆာကူရာအီနဲ့ဘယ်လိုဆက်ဖြစ်သွားမလဲ….