Scent of a Woman FHD

Scent of a Woman

Comedy Drama FHD 1992-12-23 7.8 156 Min

ဇာတ်ကြောင်းအကျဉ်းကတော့အထက်တန်းကျောင်းမှာ ပညာသင်ဆုနဲ့ကျောင်းတက်နေရတဲ့ ကောင်လေးတစ်ယောက်ဟာခရစ္စမတ်ပိတ်ရက်အိမ်ပြန်စရိတ်ရှာဖို့ခရစ္စမတ်မတိုင်ခင် ကျေးဇူးတော်နေ့ပိတ်ရက်မှာ အချိန်ပိုအလုပ်တစ်ခုလက်ခံခဲ့ပါတယ်။သူ လုပ်ရမဲ့အလုပ်ကတော့ မျက်စိကွယ်နေတဲ့အငြိမ်းစားဒုဗိုလ်မှူးကြီးတစ်ဦးကို စောင့်ရှောက်ရမှာပါ။သူစောင့်ရှောက်ရမဲ့လူကလည်း တော်ပြီး အရည်အချင်းရှိသလောက်ဒေါသကြီးပြီး အရာရာကို စိတ်တိုင်းမကျဖြစ်နေတက်တဲ့ လူ့ဂွစာပါ။ဒီ ဇာတ်ရုပ်ကိုလည်း ကျွန်တော်တို့်ရဲ့Godfaherကြီး Alpacinoကခပ်ကြမ်းကြမ်းဟောက်ချက်တွေOver မဖြစ်တဲ့ တိုက်ခိုက်မှုတွေနဲ့ဖော်ပြခဲ့သလို Oscar ဆုရခဲ့တဲ့အထိအပီပြင်ဆုံး သရုပ်ဆောင်ခဲ့ပါတယ်။Godfather ထွက်ပြီး ၂နှစ်အကြာထွက်ခဲ့တဲ့ကားဆိုတော့ကာသူတို့၂ယောက်စတွေ့တဲ့အခန်းမှာGodfatherဟန်မပျောက်သေးဘူးမှတ်ရလောက်အောင် ဂေါ်တဲ့စတိုင်ကို မြင်ရဦးမှာပါ။လူ့ဂွစာတွေ စရိုက်အတိုင်း သူတို့၂ယောက်ဟာသဟဇာတမဖြစ်တာတွေကြုံရပေမဲ့တစ်ယောက်သဘော တစ်ယောက်နားလည်လာတဲ့အခါလူသားပီပီသသ တစ်ယောက်နဲ့တစ်ယောက်ဘယ်ရွေ့ ဘယ်မျှအထိ နှလုံးသားချင်းနီးစပ်သွားကြမလဲဆိုတာကို…ကျွန်တော်တို့ တငွေ့ငွေ့ ခံစားရမှာပါ။ဒီဇာတ်လမ်းနဲ့”Scent Of A Woman မိန်းမတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့”ဆိုတဲ့ခေါင်းစဉ် ဘယ်လို ပက်သက်သွားလဲဆိုတဲ့အမေးတော့ ရှိမှာပါ။“ကိုယ်သင်းနံ့ဟာ ဆွဲဆောင်မှုဆိုတာရဲ့ အပြင်းဆုံး လက်နက်တစ်မျိုးပဲဒီလက်နက်ကို ကောင်းကောင်းအသုံးချတက်တဲ့မိန်းမတစ်ယောက်ဟာ တခြားသောလက်နက်တွေကို မလိုတော့ဘူး “ဆိုတဲ့စကားလေးနဲ့ချိတ်သွားသလို ဒီကားရဲ့ အဓိကဇာတ်ဆောင်ဟာ မျက်မမြင်တစ်ယောက်ပါ။ မထိမကိုင်ရပဲမျက်မမြင်တစ်ယောက် ခံစားနိုင်မဲ့အမြင့်ဆုံးလိင်အာရုံ အရသာက ကိုယ်သင်းရနံ့ပါပဲ.။Oscar သုံးနေရာအတွက် ရာထားခံရပြီး Oscar တစ်ခုရခဲ့တဲ့ ဒီရုပ်ရှင်ဟာ နာမည်ပေးအရမ်းလှသလိုရသလည်းမနုံနဲ့ခဲ့ပါဘူး…ရုပ်ရှင်တစ်ကားကြည့်ပြီး တစ်စုံတစ်ရာသောခံစားချက်ရယူချင်တယ်ဆိုပါစို့…ဒီကားဟာ ခင်ဗျား ခံစားကြည့်သင့်တဲ့ကားတစ်ကားပါပဲ။