ဒီတစ်ခါတော့ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးHorror comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ဇာတ်ကြောင်းကတော့ ဘက်ကီဆိုတဲ့ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်က ရုပ်ရှင်ရိုက်ကူးတာကို ရူးသွပ်ခုံမင်သူတစ်ယောက်ဖြစ်ပြီး အမြဲတမ်း ရုပ်ရှင်ပွဲတော်တွေမှာသူရိုက်ကူးတဲ့ ဗီဒီယို အတိုအစလေးတွေကို ပေးပို့ယှဉ်ပြိုင်ပေမယ့်လည်း တစ်ခါမှအောင်မြင်မှု မရရှိသေးပါဘူး။တစ်နေ့မှာ သူတို့အိမ်ရှေ့က ကွင်းပြင်ထဲကို အာကာသထဲကအမျိုးအမည်မသိတဲ့ အရာတစ်ခု ကျလာခဲ့ပါတယ်။အဲဒီအရာကို သွားထိကိုင်လိုက်မိတဲ့ ဘက်ကီရဲ့အဖေဖြစ်သူဟာဇွန်ဘီတစ်ကောင်အဖြစ်ကို ကူးပြောင်းသွားပါတော့တယ်။ရလာတဲ့ အခွင့်အရေးကို လက်လွတ်မခံဘဲ ဘက်ကီတစ်ယောက်ဇွန်ဘီရုပ်ရှင်ကို ရိုက်ကူးဖို့ ကြိုးစားရင်း ဘယ်လိုမျိုးအလွဲလေးတွေဖြစ်ကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဟော်ရာဇာတ်လမ်းလေး ဖြစ်တာမို့ အားပေးကြည့်ရှုလိုက်ကြပါဦးလို့….။