“တစ်ခဏတာရပ်တန့်သွားပြီးနောက်…ငါတို့ပြန်လာခဲ့တယ်”ဂီတဟာလူတွေအပေါ်ကို ဘယ်လောက်ထိလွှမ်းမိုးနိုင်စွမ်းရှိပါသလဲ။ဘဝရဲ့အဆိုးရွားဆုံးအခြေအနေတွေကို ကျော်ဖြတ်ပြီးတဲ့နောက်မှာဂီတက လူတွေကိုဘယ်လိုမျိုး ပြန်လည်ရပ်တည်စေခဲ့လဲ။၁၉၉၀ခုနှစ်နှောင်းပိုင်းမှာ အယ်လ်ဘမ်အသစ်ထုတ်ဝေဖို့ကြိုးစားနေတဲ့ဂီတအဖွဲ့တစ်ဖွဲ့ရှိပါတယ်။အယ်လ်ဘမ်အသစ်ထုတ်ဝေနိုင်ဖို့ကြိုးစားနေတဲ့အဲဒီအဖွဲ့လေးက အဆိုးရွားဆုံးအခြေအနေတွေကိုကျော်ဖြတ်ပြီးတဲ့နောက်ဘာတွေဆက်ဖြစ်လာခဲ့လည်းဆိုတာကိုဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။