Jingle Bell Run FHD

Jingle Bell Run

Romance TV Movie FHD 2024-11-16 5.9 85 Min

ဒီကားကိုတော့ ဒါရိုက်တာ Lucie Guest ရိုက်ကူးထားပြီး မင်းသားAndrew Walker နဲ့ မင်းသမီး Ashley Williams တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ခရစ်စမတ်ပွဲတော်ချိန်လဲနီးလာပြီဆိုတော့ ခရစ်စမတ်ကားလေးနဲ့မိတ်ဆက်ပေးပါမယ်။ ဒီကားလေးဟာတော့ အချစ်ဇာတ်လမ်းတစ်ခုကိုဟာသဆန်ဆန်ရိုက်ကူးထားပြီးခရစ်စမတ်ပွဲတော်အကြောင်းလဲအများအပြားပါဝင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။အယ်ဗရီဆိုတဲ့မူကြိုကျောင်းဆရာမလေးက ကလေးတွေတွက်စာဖတ်ခန်းလုပ်ဖို့အလှူငွေရှာနေတာဖြစ်ပြီးတော့ စာဂျပိုးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကစာအုပ်တွေကိုကြိုက်သလောက် အားကစားကတော့ သုညလို့တောင် ပြောလို့ရတဲ့ထိပါပဲ။ ဒီလိုနဲ့ gym trainerအမဖြစ်သူရဲ့ကောင်းမှုနဲ့ခရစ်စမတ်ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာတစ်သန်းအတွက် ပါဝင်ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။ စာလုံးဆက်ပဟေဠိတွေမှာအရမ်းတော်တဲ့အယ်ဗရီကတော့ ပြိုင်ပွဲကိုနိုင်ဖို့ထက်အရင်ဆုံးမထွက်ရဖို့ဆိုတဲ့ ပန်းတိုင်နဲ့သွားပြိုင်မှာပါ။ဝက်စ်ကတော့ ဟော်ကီကစားသမားဟောင်းဖြစ်ပြီး အနားယူပြီးကတည်းက နာမည်ကျနေတဲ့သူပါ။ ဒီလိုနဲ့ သူ့ကျော်ကြားမှုတွေပြန်ရဖို့အတွက်ခရစ်စမတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်ပါတော့တယ်။အားကစားမှာအရမ်းထူးချွန်ပေမဲ့ ဗဟုသုတကတော့ သုညဖြစ်နေတဲ့ဝက်စ်ကတော့ ဘာပဲဖြစ်ဖြစ်သူနိုင်ရမယ်ဆိုပြီး ယှဉ်ပြိုင်လိုစိတ်အပြည့်နဲ့ဆုကိုရဖို့ပြိုင်ပွဲဝင်တာပါတဲ့။ဒီလိုနဲ့ အရာရာဆန့်ကျင်ဘက်နှစ်ယောက်ဟာ ပြိုင်ပွဲမှာ အသင်းတစ်သင်းတည်းအတွဲခံလိုက်ရတဲ့အခါမှာတော့ ပြဿနာတွေရှိလာပါတယ်။ဒါမဲ့ဦးနှောက်သမားနဲ့ခွန်အားသမားပူးပေါင်းထားတဲ့သူတို့အသင်းဟာ အလွဲတွေရဲ့ကြားမှာ အချင်းချင်းရဲ့အားနည်းချက်တွေကိုဖြည့်ပေးရင်း အကောင်းဆုံးအသင်းတဖြည်းဖြည်းဖြစ်လာခဲ့ပါတယ်ထုတ်လုပ်သူကလဲ ကြည့်ရှုနှုန်းတက်ဖို့ ဝက်စ်ကိုအယ်ဗရီနဲ့ဖလစ်ခိုင်းတဲ့အခါ ကျော်ကြားမှုကိုလိုချင်တဲ့ ဝက်စ်ကအယ်ဗရီနဲ့နီးစပ်အောင်လုပ်ပါတော့တယ်။ဒီလိုနဲ့ပြိုင်ပွဲကိုဆက်ပြိုင်ရင်းဟန်ဆောင်မှုတွေကစစ်မှန်လာတဲ့အခါဝက်စ်ကသူအရမ်းရူးသွပ်ရတဲ့ ကျော်ကြားမှုကိုရွေးမှာလား…အားလုံးကိုစွန့်လွှတ်ပြီးအယ်ဗရီ့ကိုပဲရွေးမှာလား…အနိုင်ရဖို့မတွေးတဲ့အယ်ဗရီက ဝက်စ်ဆီကဘယ်လိုmotivationတွေရမလဲ…ဝက်စ်ကရော အယ်ဗရီ့ဆီက တစ်ကိုယ်ကောင်းမဆန်ဖို့သင်ယူပြီးဘယ်လိုပြောင်းလဲသွားမလဲ…ဒါတွေကို ခရစ်စမတ်ပြိုင်ပွဲတစ်လျှောက်လုံးကို ရိုက်ကူးထားတဲ့ဒီဇာတ်ကားမှာအလွဲလေးတွေကိုကြည့်ရင်း အဖြေရှာရမှာပါ။