Iron Fighter FHD

Iron Fighter

Action FHD 2023-12-07 10 0 Min

လက်ဝှေ့ဝါသနာရှင်များအတွက် အကြမ်းစားကြီးရိုက်ကူးထားတာတော့မဟုတ်ပေမဲ့ အပျင်းပြေကြည့်လို့ကောင်းမဲ့Iron Fighter ဆိုတဲ့ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ထူးခြားတာတစ်ခုကတော့ ဒီဇာတ်ကားကစိတ်ကူးယဉ်ပုံဖော်ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပေမဲ့ဒီဇာတ်ကားရဲ့မင်းသားဖြစ်တဲ့လက်ဝှေ့သမားကလောက်ဒီယိုကအပြင်လောကမှာလည်း ဒီနာမည်နဲ့ပဲလက်ဝှေ့နဲ့ကရာတေးချန်ပီယံဖြစ်ပြီးသူ့ရဲ့အတွေ့အကြုံတွေကိုဒီဇာတ်ကားထဲထည့်သွင်းပုံဖော်ထားတာပဲဖြစ်ပါတယ်။ဇာတ်ညွှန်းထဲမှာ ကလောက်ဒီယိုကို မိန်းမဆုံးသွားပြီးတဲ့နောက်မှာအကြီးအကျယ်စိတ်ထိခိုက်ပြီးလက်ဝှေ့လောကနဲ့ပရိသတ်ရှေ့ကနေပျောက်သွားတဲ့ ၁၀၂ ပွဲဆက်တိုက်အနိုင်ရရှိထားတဲ့ချန်ပီယံကြီးအနေနဲ့ပုံဖော်ထားပါတယ်ဒါပေမယ့်လည်းဘ၀ကရှေ့ဆက်သွားနေရမှာဖြစ်တဲ့အတွက်သမီးဖြစ်သူနဲ့နောက်မိန်းမနဲ့အတူတူအေးဆေးနေသွားရဖို့အတွက်နောက်ဆုံးတစ်ပွဲအနေနဲ့နာမည်ကြီးလက်ဝှေ့သမားတစ်ယောက်နဲ့စိန်ခေါ်ထိုးသတ်ခပါတော့တယ်။ဆုကြေးကလည်း ဒေါ်လာ ၁၀ သန်းနဲ့၃ သန်းတန်တဲ့ဆုဖလားကြီးဖြစ်တဲ့အတွက် အပြင်းအထန်ထိုးသတ်တဲ့သူတို့နှစ်ယောက်ရဲ့တိုက်ပွဲကိုလည်း ရှုစားရဦးမှာဖြစ်ပါတယ်ဒီလိုကြမ်းတမ်းမဲ့ထိုးသတ်ပွဲကြီးမှာ ကလောက်ဒီယိုတစ်ယောက်အနိုင်ရသွားမလား ကြိုး၀ိုင်းအပြင်ကနေစောင့်ကြည့်နေကြတဲ့ကြေးကြီးလောင်းတဲ့ လောင်းကစားသမားတွေနဲ့ရောဘာအရှုပ်တွေဖြစ်လာဦးမလဲဆိုတာတွေကို အက်ရှင်နဲ့လက်ဝှေ့ အချိုးကျကျပေါင်းစပ်ပြီး လှလှပပရှုစားရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။