ဒီဇာတ်ကားလေးကတော့ ဟာသမင်းသားကြီး Jack Black ပါဝင်သရုပ်ဆောင်ထားတဲ့ ကြည်နူးချမ်းမြေ့ရယ်ရွှင်ဖွယ် ခရစ်စမတ်ဟာသကားလေးပဲဖြစ်ပါတယ်…Liam Turner ဆိုတဲ့ ကလေးလေးတစ်ယောက် အကြီးမားဆုံးဆန္ဒတစ်ခု ပြည့်ဝစေဖိုအတွက် ခရစ်စမတ်ဘိုးဘိုးကြီးဆန်တာကလော့ဆီ ဆုတောင်းစာရေးပိုရာမှ အလွဲအချော်တစ်ခုကြောင့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေကိုဒီကားလေးမှာပြုံးရွှင်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်…အဆိုတော် Post Malone ကိုလည်း ဒီကားမှာ Cameo အနေနဲ့တွေ့မြင်ရမှာဖြစ်လို Postmates တွေလည်း သဘောကျမိမယ်လိုမျှော်လင့်ပါတယ်…မိတ်ဆွေကပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာဟာသကားလေးကိုသဘောကျသူဆိုရင်တော့ ဒီကားလေးဟာ အချိန်ပေးကြည့်ဖိုထိုက်တန်တဲ့ ကားလေးတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်…