နာမည်ကျော် Mean Girls (2004)ထဲကမင်းသမီး Lindsay Lohanပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စမတ် Rom/com ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။လိုဂန်နဲ့အေဗရီတို့ဟာ ကလေးဘဝကတည်းက အမြဲမခွဲ တတွဲတွဲနဲ့အရွယ်ရောက်လာတော့လည်း ချစ်သူတွေဖြစ်သွားကြတဲ့soul mateတွေပါ။ အသက်တွေ ကြီးလာလို့ ဘဝလမ်းကြောင်းကိုလျှောက်ရမဲ့ အချိန်မှာ အေဗရီဟာ အိမ်မြို့လေးနဲ့ လိုဂန်ကို ထားခဲ့ပြီးလန်ဒန်မှာအလုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။အေဗရီကို မသွားစေချင်တဲ့ လိုဂန်ကတော့ ရရာနည်းလမ်းနဲ့ဆွဲထားမယ်လို့ ကြံရင်းကနေ အလွဲအချော်လေးတွေဖြစ်ပြီးချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲသွားကြပါတော့တယ်။ဒီလိုနဲ့၁၀နှစ်အကြာ ၂၀၂၄ ခရစ္စမတ်မှာတော့ သူတို့နှစ်ဦးလုံးကြင်သူကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီဖြစ်လို့နေကြပါပြီ။ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်ပုံတွေကြောင့် အေဗရီရဲ့ကောင်လေးနဲ့လိုဂန်ရဲ့ကောင်မလေးဟာ မောင်နှမတွေဖြစ်နေပါတယ်။အဲလိုနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ချစ်သူရည်းစားရဲ့ အိမ်ကို အလည်လိုက်လာကြတဲ့ အေဗရီနဲ့ လိုဂန်တို့နှစ်ယောက်ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။အကြောင်းအမျိုးမျိုးကြောင့် သူတို့ တွဲခဲ့တယ်ဆိုတဲ့ကိစ္စကိုလျှို့ဝှက်ထားဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအရှုပ်အထွေးတွေဖြစ်လာမလဲဆိုတာကိုဟာသလေးပါးပါးနှောပြီးကြည့်ရှုရမဲ့ဇာတ်ကားလေးပါပဲ။ခရစ္စမတ်အတွက် ကြည့်ပြီးသား ကားတွေပဲပြန်မကြည့်ချင်လို့ရုပ်ရှင်အသစ်လိုက်ရှာနေတဲ့ ပရိတ်သတ်များ အတွက်တော့ဒီကားလေးက ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်တာမလို့Christmas watch list ထဲကို ထည့်ထားသင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်းညွှန်းလိုက်ချင်ပါတယ်။