Burning Blood HD

Burning Blood

Action Crime HD 2024-11-30 4.667 0 Min

မြန်မာ ထိုင်း လာအို ၃ နိုင်ငံစုံစည်းရာရွှေတြိဂံနယ်မြေဟာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးအင်မတန်မှနာမည်ကြီးတဲ့နေရာပေါ့။ဒီလိုမူးယစ်ဆေးတွေပေါများတာကြောင့်မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲများစွာရှိသည့်ထဲက အားထန် ထိုက်ဟွ လောင်မီ အားဖုန်းသူတိုလေးယောက်က တရုတ်ပြည်ရဲ့ ရွှေတြိဂံနယ်မြေမူးယစ်ဆေးတိုက်ဖျက်ရေးအထူးတပ်ဖွဲဝင်တွေဖြစ်ကြတယ်။​လေးယောက်လုံးငယ်စဥ်တည်းကကြီးပြင်းလာကြပြီး အတိုင်အဖောက်ညီစွာနဲ့မူးယစ်ဆေးတိုက်ဖျက်ရေးကိုလုပ်ဆောင်ကြတယ်။တနေ့မှာတော့ရွှေတြိဂံရဲ့မူးယစ်ဆေးရောင်းဝယ်ရေးဘုရင် ခွမ်းဖူကိုဖမ်းဖိုမစ်ရှင်ထမ်းဆောင်ဖိုခွမ်းဖူရှိမယ့်လက်ဝှေ့ရုံနေရာကိုသွားကြတာပေါ့။သူတိုအဖွဲကိုကြီးကြပ်သူကတော့ ခေါင်းဆောင်လူနဲ့ခေါင်းဆောင်ကျိုးတိုဖြစ်ကြပြီးခွမ်းဖူလက်ဝှေ့ရုံက်ိရောက်လာပြီဆိုတဲ့ သတင်းအမှားကို တမင်ဖြန့်ပြီးခွမ်းဖူဘက်ကလူတွေနဲ့ရဲဘက်တိုတိုက်ခိုက်ကြတဲ့အခါမှာ အားဖုန်းနဲ့ ခေါင်းဆောင်လူအပြင် တခြားရဲတပ်သားတွေအများအပြားကျရူံးခဲ့တဲ့အချိန်မှာအားထန်ကထူးဆန်းစွာနဲ့ပျောက်ဆုံးသွားခဲ့တယ်။ဒါကိုထိုက်ဟွက အားဖုန်းသေဆုံးတာဟာ အားထန်ရဲ့သစ္စာဖောက်သတင်းပေးမှုကြောင့်ထင်ပြီး၃ နှစ်တိတိအားထန်အကြောင်းစုံစမ်းခဲ့ပေမဲ့ ဘာသတင်းမှမရရှိခဲ့ပါဘူး၃ နှစ်ကြာပြီးနောက်မှာ ခွမ်းဖူ မကြာခင်အနားယူမည့်သတင်းကိုရဲဘက်ကသတင်းရရှိသည့်အပြင် တိုက်တိုက်ဆိုင်ဆိုင် အားထန်သတင်းပါရရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဘယ်လိုတွေဖော်ထုတ်ကြမလဲမူးယစ်ဆေးရောင်းဝယ်မှုနယ်ပယ်ရဲ့ကြောက်မယ်ဖွယ်ရာတွေကိုပြသထားတာကြောင့် Burning Blood ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။