ရစ်ကာဆိုတဲ့လူဟာ အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ကြိုးစားနေတဲ့လူတစ်ယောက်ဖြစ်ပြီးအစိုးရရဲ့အလုပ်ရှာဖွေရေးဌာနကရှာပေးတဲ့ အလုပ်မှန်သမျှကိုလည်း တစ်ခုပြုတ်ရင်တစ်ခုထပ်လုပ်နေရတာပါ။မလုပ်လို့လည်းမရပါဘူး အဲလိုမှမလုပ်ရင် သူရနေတဲ့ထောက်ပံ့ကြေးတွေအဖြတ်ခံရမှာမို့လို့ပါ။ဒီတော့ရစ်ကာဟာသီချင်းကိုပဲအာရုံစိုက်လုပ်ချင်တာမို့အလုပ်တွေမှာပြဿနာတမင်ရှာပြီးအလုပ်ဖြုတ်ခံရအောင်လုပ်နေခဲ့တာပါ။ ရစ်ကာမှာ ဒိုမီနစ်ဆိုတဲ့သားတစ်ယောက်ရှိပြီးတော့ရစ်ကာဟာသူရဲ့အတူနေချစ်သူဗီကီနဲ့ကွဲထားတာကြောင့်ဒိုမီနစ်လေးဟာ အမေဖြစ်သူနဲ့ပဲနေနေတာပဲဖြစ်ပါတယ်။လူကသာပေပေတေတေနေပေမယ့် ဖခင်စိတ်အပြည့်ရှိသူရစ်ကာဟာသားဖြစ်သူကိုအတော်လေးချစ်ရှာပြီးပိတ်ရက်တိုင်းသားဖြစ်သူနဲ့အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ဒီလိုနဲ့အောင်မြင်မှုလမ်းကြောင်းကိုရှာနေတဲ့ရစ်ကာတစ်ယောက်ဘာတွေဆက်ကြုံတွေ့ပြီးတော့ဘဝကိုဘယ်လိုမျိုးဆက်ဖြတ်သန်းသွားမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ရအောင်ပါ။