ဒီရုပ်ရှင်ကားကတော့ Comedy တစ်ဖြစ်လဲ မိသားစုDrama ရုပ်ရှင်ကားပါ…Night at the Museum, Tower Heist, The Watch ရုပ်ရှင်တွေနဲ့လူသိများတဲ့ မင်းသားကြီး Ben Stiller က ပင်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး ညီအစ်ကိုနေရာမှာ သရုပ်ဆောင်ထားတဲ့ကလေးလေးယောက်ကလည်း လက်တွေ့ဘဝမှာပါ တကယ့်ညီအစ်ကိုရင်းတွေဖြစ်တာမို့လို့ Chemistry မိမိနဲ့ဟာသနှောထားတဲ့မိသားစုရုပ်ရှင်ကားလေးကို ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်…ချီကာဂိုက Millican Group ဆိုတဲ့ ကုမ္ပဏီမှာ အကြီးတန်းဖွံ့ဖြိုးတိုးတက်ရေးမန်နေဂျာအနေနဲ့ လုပ်နေတဲ့ မိုက်ကယ်မက်စ်ဝဲလ်သူ ၆ နှစ်တာလောက် အသည်းအသန်ပြင်ဆင်နေတဲ့ အစိုးရပရောဂျက်ကြီးအတွက် တခြားကုမ္ပဏီနဲ့အပြိုင် ယှဉ်လုနေရတဲ့အရေးကြီးအချိန်မှာမှ…အချိန်အတော်ကြာ စကားမပြောဖြစ်တော့တဲ့ညီမဖြစ်သူနဲ့သူ့ယောကျ်ားက ကားမှောက်ပြီး သေဆုံးသွားတဲ့အတွက်သူတို့ရဲ့နေအိမ် အိုဟိုင်းယိုးက ယာတောမှာ ကျန်ရစ်ခဲ့သူကလေးလေးယောက်ကို မွေးစားအိမ်ရှာပေးဖို့သူ့ခေါင်းပေါ်တာဝန်ကျလာပါတော့တယ်…သူ့အထင်တော့ မွေးစားအိမ်ရှာတွေ့ပြီးလို့ စာချုပ်မှာလက်မှတ်ထိုးရုံလောက်ပဲ ပြီးရင်အိမ်ပြန်မယ်လို့ တွေးထားခဲ့ပေမဲ့သူထင်ထားသလို ဖြစ်မလာခဲ့ဘဲမွေးစားမိဘရှာဖို့ အခက်အခဲဖြစ်နေတာကိုမှ တူတော်လေးတွေကလည်း အမွှေစိန်တွေဖြစ်နေတဲ့အခါ အရေးတကြီး ပြန်သွားဖို့လိုတဲ့ အလုပ်ကိုပဲဦးစားပေးမလား…သူ့ရဲ့အမွှေစိန်တူလေးတွေကိုဦးစားပေးမလားဆိုတာနဲ့သူတို့ကို ခေတ္တစောင့်ရှောက်ပေးနေစဉ်အတွင်း တူဝရီးတွေကြားဖြစ်ပျက်သမျှ အလွဲတွေကို ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားပြီးရယ်မောနိုင်မှာ ဖြစ်ပါတယ်…