ဒီတစ်ခေါက်ဇာတ်ကားကတော့ ရှေးဟောင်းပစ္စည်းတွေတရားမဝင် တူးဖော်ပြီးမှောင်ခိုဈေးကွက်မှာပြန်ရောင်းချတဲ့ အကိုဖြစ်သူရယ်တရားဝင်လက်ဝှေ့ရုံဖွင့်ပြီး စနစ်တကျပိုက်ဆံရှာချင်တဲ့ညီလေးဖြစ်သူရယ်အကြောင်းကို တင်ဆက်ပြသပေးထားတာဖြစ်ပါတယ်လွန်ခဲ့တဲ့10နှစ်ေကျာ်တုန်းက အကိုဖြစ်သူက သူ့ရဲ့ခြေထောက်တစ်ဖက်ရောအချစ်ရဆုံးချစ်သူကိုရော ဆုံးရှံးထားခဲ့ရတာဖြစ်ပါတယ်ဒီကာလတစ်လျှောက် မှောင်ခိုဈေးကွက်ကနေပဲပိုက်ဆံရှာခဲ့ရပြီးအခက်ခဲကြုံလာတဲ့အချိန်မှာတော့ ညီဖြစ်သူရဲ့လက်ဝှေ့ရုံကလက်ဝှေ့သမားတွေကို အသုံးချဖိုအကြောင်းဖန်လာခဲ့ပါတယ်ညီဖြစ်သူ ဟူကျစ်ကလည်း သူ့ရဲ့လက်ဝှေ့ရုံက တရားမဝင်တာတွေမလုပ်ပဲစနစ်ကျကျသွားချင်တဲ့သူဖြစ်တာမလို သူ့ရဲ့အကိုဖြစ်သူတောင်းဆိုတာတွေကိုငြင်းမှာလား မျက်စိမှိတ်ကူညီပေးမလားဆိုတာကိုတော့စိတ်ဝင်စားဖွယ်ကောင်းစွာကြည့်ရှုရမှာဖြစ်ပါတယ်