Wendy HD

Wendy

Drama Fantasy HD 2020-02-28 5.7 111 Min

Wendy ရုပ်ရှင်ကားလေးက ငယ်ငယ်လေးတုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ Peter Pan ဇာတ်ကားကိုပုံစတစ်မျိုးနဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဝင်ဒီမှာ အရမ်းချစ်ရတဲ့ ဂျိမ်းနဲ့ ဒေါ့ဆိုတဲ့ အမြွှာ အကို နှစ်ယောက်ရှိပါတယ်။သူတို့ မိသားစုလေးဟာ စားသောက်ဆိုင်လေး ဖွင့်ထားပြီး နေ့ရက်များကို သမရိုးကျဖြတ်သန်းကြပါသည်။၀င်ဒီလေးဟာ ငယ်ငယ်လေးတုန်းက အိမ်နီနားချင်း ကလေးတစ်ယောက်က ရထားအမိုးပေါ်ကို ပြေးတတ်သွားတဲ့မြင်ကွင်းကို မြင်ရပြီးနောက် ထူးခြားဆန်းကျယ်မှုများ၊ စွန့်စားခန်းများကိုအမြဲတွေးနေခဲ့ပါတယ်။လွတ်လပ်မှုအရသာကိုခံစားပြီး လေထဲမှာ ပျံဝဲတဲ့ ပုံပြင်လေးတွေကို စွဲလန်းနေတဲ့ ကလေးတစ်ယောက်ပဲဖြစ်ပါတယ်။အဲဒီလိုနဲ့ တစ်ညမှာ ပြတင်းပေါက်တံခါးကနေကောင်လေးတစ်ယောက် ရထားပေါ်ကို ခုန်တတ်သွားတာကို မြင်ရာမှသူနဲ့ သူ့အကိုတို့ သုံးယောက်သားအတူတူ ထိုကောင်လေးနောက် ကို လိုက်သွားကြပါတယ်။အဲဒီကောင်လေးဘယ်သူဖြစ်မလဲ။ပီတာပန်များဖြစ်နေမလား။အဲဒီအချိန်ကနေစပြီး သူတို့သုံးယောက်ရဲ့စွန့်စားခန်းကြီးစတင်ပါပြီ။ထူးဆန်းတဲ့ ကျွန်းကို ရောက်ရှိသွားတဲ့ မောင်နှမ သုံးယောက်က အသက်ရှင်ဖို့ ရုံးကန်ကြရပုံ၊ငယ်ရွယ်သူတို့၏စိတ်ဓါတ်တို့ကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တစ်ခန်းနှင့် တစ်ခန်းဘာဆက်ဖြစ်သွားမယ်ဆိုတာခန့်မှန်းလို့ မရနိုင်လောက်အောင် နောက်ဆုံးအချိန်ထိ ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်နောက်ဆုံးပိုင်းမှာ ကျွန်းပေါ်က ကလေးတွေထဲက ဘယ်သူက ကပ္ပတိန်ဟုဒ် ဖြစ်သွားလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပဲ။ငယ်ငယ်လေးတုန်းကကြည့်ရတဲ့ ပီတာပန်ဇာတ်ကားလေးလိုမျိုး ဝင်ဒီရဲ့ရှုထောင့်ဘက်က ပြန်ရိုက်ထားတဲ့ Wendyဇာတ်ကားလေးဟာဆိုရင်လည်း တစ်မျိုး ဆန်းပြားပြီး ကြည့်လို့ကောင်းတဲ့ကားလေးဖြစ်ပါတယ်…