ဒီတခါတင်ဆက်ပေးမှာကတော့ မူခင်းရုပ်ရှင်ဇာတ်ကားလေးပါပဲသည်းထိတ်ရင်ဖိုကြိုက်သူတွေ မူခင်းစုံထောက်ကားကြိုက်တဲ့သူတွေအတွက်တော့အကြိုက်တွေ့မဲ့ဇာတ်ကားတစ်ကားလို့ထင်မြင်မိပါတယ်ဇာတ်လမ်းအညွန်းကတော့ရှင်းပြလို့မရနိုင်တဲ့ မီးလောင်မှုတစ်ခု၊ဘယ်သူမှန်းမသိရတဲ့ အမျိုးသမီး အလောင်းတစ်လောင်း နဲ့ဘယ်ကလာမှန်းမသိတဲ့ ငွေညှစ်စာတစ်စောင်တို့က အပြစ်ကင်းတဲ့ဟိုတယ်ပိုင်ရှင် တုန်းဟုန်လျှန်ရဲ့ ငြိမ်းချမ်းတဲ့ ဘဝကို အဆုံးမရှိတဲ့အနက်ရှိုင်းဆုံး တွင်းထဲကိုဆွဲချသလိုဖြစ်သွားခဲ့တယ်ဒီအမှုကို ရဲအရာရှိ ရဲဝမ်ထောင်ရဲ့ ပါဝင်ပတ်သက်မှုကတဆင့်ပြီးတော့သဲလွန်စတွေက အခုထိကို မဖြေရှင်းရသေးတဲ့ အမှုဟောင်းတခုဆီကိုပါဆက်လက်ဦးတည်သွားခဲ့ပါတော့တယ်ဒီလိုအရှုပ်အထွေးတွေရဲ့ နောက်ကွယ်က အမှန်တရားကဘာများဖြစ်နေမလဲသတ်ဖြတ်မှုတွေကရော အဆုံးသတ်နိုင်ပါ့မလား ???