Schlitter: Evil in the Woods HD

Schlitter: Evil in the Woods

Horror Thriller HD 2023-12-01 5.2 73 Min

ဒီတစ်ခါမှာတော့ 2023 ခုနှစ်ထွက် Schlitterပြင်သစ်သည်းထိတ်ရင်ဖိုရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။သစ်ဖြတ်သမားသားတွေဖြစ်ကြတဲ့ လူကာနဲ့ မတ်ထီးယာ့စ်တို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေပါ။တစ်နေ့မှာ ကားမောင်းနေတဲ့လူကာရဲ့အဖေဟာ စက်ဘီးစီးနေတဲ့ မတ်ထီးယာစ့်ကို တိုက်မိခဲ့ပါတယ်။လူကာဟာ အသက်မဲ့နေတဲ့ သူ့သူငယ်ချင်းရဲ့ခန္ဓာကိုယ်ကို သူ့အဖေအစဖျောက်လိုက်တာကားနောက်မှာထိုင်ကြည့်နေခဲ့ရပါတယ်။သူ့သူငယ်ချင်းသေဆုံးမှုကို ဝန်ထုတ်ဝန်ပိုးကြီးတစ်ခုလိုတစ်သက်လုံးရေငုံနှုတ်ပိတ်လာရင်း နှစ် ၂၀ ကြာတဲ့အခါလူကာဟာ သူ့မိဘတွေရဲ့ အသုဘအတွက် မွေးရပ်မြေကို ပြန်ရောက်လာပါတယ်။လိပ်ပြာမလုံတဲ့ လူကာဟာ မေ့မေ့ပျောက်ပျောက်နေဖို့ ကြိုစားပေမယ့်သူမသိတာက သူ့အတိတ်ကလုပ်ရပ်ကို အပြစ်ပေးမယ့်အရာကစောင့်ကြိုနေတယ်ဆိုတာပါပဲ။ လူကာ ၊ သူ့ကောင်မလေး နဲ့သူငယ်ချင်း သုံးယောက်သား ဒီအဖြစ်ဆိုးကြားထဲဘယ်လိုရင်ဆိုင်ရုန်းကန်မလဲဆိုတာ ရင်တမမနဲ့ ကြည့်ရမှာပါ။သည်းထိတ်ရင်ဖိုနဲ့ လှည့်ကွက်တွေကြိုက်တဲ့  ပရိတ်သတ်တွေအတွက်Schlitter ပြင်သစ်ရုပ်ရှင်ကို တင်ဆက်လိုက်ရပါတယ်။