The Shade FHD

The Shade

Drama Horror Thriller FHD 2024-09-20 4.875 127 Min

ဒီဇာတ်ကားဟာ St.Louis နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Nomination ဆယ်ခုအထိ ရခဲ့ပြီး ဆုရှစ်ဆုတောင်ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။Horror ဆိုပေမယ့် တခြားဇာတ်ကားတွေကို ပြူးပြူးပြဲပြဲခြောက်လှန့်ပြနေတာမျိုး မဟုတ်ဘဲ လူတွေအတော်များများဂရုမစိုက်မိကြတဲ့ စိတ်ဒဏ်ရာတွေ…စိတ်ဖိစီးမှုတွေနဲ့ ကြီးပြင်းလာတဲ့သူတွေရဲ့ ဘဝမှာရုန်းကန်ရမှုတွေနဲ့စိတ်ကျန်းမာရေး အရေးပါပုံကို တစ်စေ့တစ်စောင်း ထောက်ပြပေးနိုင်ခဲ့တာကြောင့် ဒီလိုမျိုး ဆုတွေအများကြီး ရခဲ့တာလို့ မြင်မိပါတယ်။ဇာတ်ကြောင်းကတော့ ရိုင်ယန်ဆိုတဲ့ကောင်လေးဟာခြောက်နှစ်သားအရွယ်မှာ ဖခင်ဖြစ်သူ သေကြောင်းကြံတာကိုကြုံဆုံခဲ့ရပြီး နောက်ပိုင်းမှာ အိပ်မက်ဆိုးတွေနဲ့ ကြီးပြင်းလာရတဲ့၂၀နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်ပါတယ်။သူဟာညီအစ်ကိုသုံးယောက်ထဲမှာ အလတ်ဖြစ်ပြီးတော့ဖအေဆုံးပါးပြီး နောက်ပိုင်းမှာ စိတ်ကုထုံးဆရာနဲ့ ပုံမှန်ပြနေပေမယ့်လည်း သိပ်ပြီးမထူးခြားလှပါဘူး။ မိခင်ဖြစ်သူကစားသောက်နေထိုင်ဖို့အတွက်ရုန်းကန်ရှာဖွေနေရတာမို့သားတွေကို သိပ်ပြီး လှည့်ကြည့် မအားတာကြောင့်အငယ်လေးဖြစ်တဲ့ ဂျေမီကို ရိုင်ယန်ပဲ အနီးကပ် စောင့်ရှောက်နေရတာ ဖြစ်ပါတယ်။ တစ်ရက်တော့ သူ့ရဲ့အစ်ကိုဖြစ်သူဂျေဆင်ဟာကောလိပ်ကျောင်းတက်ရင်း တစ်ပိုင်းတစ်စနဲ့အိမ်ပြန်ရောက်လာခဲ့ပါတယ်။ ရိုင်ယန်အနေနဲ့ အမှောင်ထုထဲကအရာတစ်ခုခုက သူတို့ဖခင်ဆီကနေ သူတို့ညီအစ်ကိုတွေကိုချဉ်းကပ်လာတယ်လို့သံသယဖြစ်လာတဲ့အခါမှာ ဒီအရာကိုဘယ်လိုမျိုး တွန်းလှန် တိုက်ခိုက်မလဲဆိုတာကတော့ …။