ဆာမာရန်ဆိုတဲ့မြို့လေးမှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်နေပါတယ်ဒါကတော့ အိတ်တွေထဲထည့်ပြီးစွန့်ပစ်ထားတဲ့ လူမိုက်တွေအလောင်းကိုအစုလိုက်အပြုံလိုက်တွေ တွေ့ရလို့ပါပဲ သတင်းစာတွေထဲမှာပါပါလာရတဲ့ဒီသတင်းကို အများစုကတော့လူမိုက်ဂိုဏ်းအချင်းချင်းရန်ဖြစ်လို့လုပ်တယ်ထင်ကြတာပေါ့သူတို့ထင်နေကြသလို ဒီကိစ္စကရိုးရှင်းပါ့မလား…ဘာရွန်.. လောကမှာအကြောက်တရားဆိုတာကိုမသိတဲ့လူ ဈေးထဲမှာအနိုင်ကျင့်အကုန်ကြောက်ရပါတယ်ဆိုတဲ့လူမိုက်တွေတောင် တစ်ယောက်တည်းအနိုင်ယူလာတဲ့လူဒါပေမဲ့လူပေါင်းမှားတော့ လူမိုက်ဖြစ်လာပြီး ထောင်ကျတဲ့အထိဖြစ်လာခဲ့တယ်ထောင်ကလွတ်လာပြီး ကောင်မလေးရဲ့လမ်းပြမှုနဲ့ အတတ်နိုင်ဆုံးလမ်းမှန်လျှောက်ခဲ့ပေမဲ့ဘော်ဒါတွေပါထောင်ကလွတ်လာပြီးတဲ့နောက်တော့ ပြဿနာတွေထဲ ပါခဲ့ရပြန်တယ်ဘော်ဒါတွေကောင်းမှုနဲ့ နာမည်ကြီးလူသတ်မှုထဲ သူတို့ဘယ်လိုပတ်သက်သွားမလဲအသက်ကိုရင်းရတဲ့ကစားပွဲထဲ ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကျန်ရစ်မယ်ဆိုတာကိုတော့…