Trivia at St. Nick's HD

Trivia at St. Nick's

Comedy Romance TV Movie HD 2024-11-08 5.7 90 Min

စလက်စ့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဗားမို့မြို့ ဟမ်စတက်တက္ကသိုလ်ရဲ့ နက္ခတ်ဗေဒပါမောက္ခတစ်ယောက်ပါ။သူ(မ)က ကျောင်းကိုအရမ်းချစ်ပေမဲ့ ဘောလုံးကို သူတို့ဌာနထက် ပိုပြီးအားပေးအားမြှောက်ပြုတဲ့အတွက် ဘောလုံးနဲ့ပတ်သက်တဲ့သူတွေကိုရော ကျောင်းကိုပါ နည်းနည်းတော့ စိတ်ပျက်နေခဲ့မိတယ်။ခရစ်စမတ်ကျောင်းပိတ်ရက်မှာတော့ သူ့(မ)က နှစ်စဥ်ကျင်းပတဲ့ အမေးအဖြေပြိုင်ပွဲကို ဂျီရိုပါဒီဉာဏ်စမ်းနှစ်ကြိမ်ဆက်ချံပီယံဖြစ်တဲ့ရစ်ချက်ဆိုတဲ့လူ ရဲ့ အကူအညီနဲ့ ဒီနှစ်မှာ ချံပီယံဖြစ်ဖို့မျှော်လင့်နေခဲ့တယ်။ဒါပေမဲ့လည်း ရစ်ချက်က ကိစ္စတစ်ခုနဲ့ အာရှကို သွားရဖို့ဖြစ်လာတဲ့အခါမှာတော့ သူတို့အသင်းအတွက်လိုအပ်နေတဲ့ လူကို ဘယ်သူက ဖြည့်ပေးသွားမလဲ။အဲဒီလူက ဝင်လာတဲ့လူကရော စလက်စ့်က လက်ခံနိုင်တဲ့သူရောဖြစ်ပါမလား။ အဲဒီလူကရော စလက်စ့်နဲ့ဘယ်လို ဆက်ဆံရေးတွေအထိ ရှိသွားမလဲဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ခရစ်စမတ်ကာလမှာ ခရစ်စမတ်လေးအငွေ့အသက်လေးရောဟာသလေးပါရောပြီးရိုမန်တစ်ဆန်ဆန်လေးပါကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးက ကြည့်သင့်တဲ့အထဲမှာပါပါတယ်။