ကျရောက်လာတော့မဲ့ ခရစ္စမတ်အချိန်အခါသမယမှာ အေးအေးဆေးဆေးကြည့်ရှုလို့ရမဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ်။မိုနာစင်ကလဲဆိုတာ နယူးယော့ခ်မှာအောင်မြင်နေတဲ့ အင်ဖလူရန်ဆာတစ်ယောက်။ ခရစ္စမတ်အတွက် သူတို့အိမ်မှာရိုးရာတစ်ခုရှိပါတယ်၊အဘေးဖြစ်သူက စတင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဒီပွဲအတွက်အိမ်ပြန်လာဖို့ သူ့မိဘတွေကခေါ်တော့ မိုနာတစ်ယောက် မွေးရပ်မြေပြန်ဖို့ဖြစ်လာခဲ့တယ်။မိုနာ့အကြောင်းပြောရရင် အသက် ၃၀ကျော်ပေမဲ့ ရည်းစားနဲ့မမြဲသေးတဲ့အချစ်ရေးကံမကောင်းတဲ့သူပါ။အောင်မြင်မှုနောက်ကိုလိုက်ပြီး တစ်ကိုယ်တည်းတောက်ပနိုင်ပေမဲ့ မွေးရပ်မြေကအဒေါ်ကြီးတွေက သူပြန်လာတိုင်းခုထိရည်းစားမရှိသေးဘူးလားယောကျာ်းကဘယ်တော့ယူမှာလဲဆိုပြီး နှုတ်ဆက်စကားတွေဆိုကြတော့ လက်တွဲဖော်ရှာဖို့စဉ်းစားလာရပါတယ်။ဒီလိုနဲ့ မွေးရပ်မြေကိုရောက်တော့ အထက်တန်းတုန်းကပြတ်သွားတဲ့ရည်းစားဟောင်းနဲ့ပြန်တွေ့ပြီး ပြန်အဆင်ပြေမလိုဖြစ်နေချိန် သူတို့မြို့ကို ဆောင်းပါးရေးမဲ့ သတင်းထောက်တစ်ယောက်ကလည်း တိုက်တိုက်ဆိုင်ဆိုင်သူ့အိမ်မှာခေတ္တတည်းခိုဖို့အကြောင်းဖန်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်သွားမယ်ဆိုတာ ဆက်လက်ခံစားလိုက်ပါဦး။